အငှားယာဉ် ငယ်များနဲ့ တရားမဝင် အကောက်ခွန်မဲ့ ကုန်စည်များ သယ်ဆောင်မှုရှိလာ

Tue, 05/14/2013 - 07:44 -- admin

ကြာသပတေးနေ့  ၁၄ မတ်လ  ၂၀၁၃ 01 း 15 PM

မြဝတီ-ရန်ကုန် ကုန်သွယ်မှု လမ်းကြောင်းမှာ လှုပ်ရှားရှာဖွေ တားဆီး စစ်ဆေးလျက် ရှိတဲ့ Mobile Team အဖွဲ့ ဟာ တရားမဝင် အကောက်ခွန်မဲ့ သယ်ဆောင်တဲ့ လမ်းကြောင်းနဲ့ အလေ့အထများကို လေ့လာ သုံးသပ်ကြည့်ရာမှာ အငှားယာဉ်ငယ် (Taxi) များ နေ့စဉ် ညစဉ်ဖြတ်သန်း သွားလာမှုများ များပြားနေတာကို တွေ့ရှိနေရတဲ့ အတွက် ထုတ်နှုတ် အင်အားနဲ့ ဘုရားကြီး Toll Gate မှာ စုံစမ်း စစ်ဆေးမှု ပြုလုပ်ခဲ့ပါတယ်။  .........ဆက်လက်ဖတ်ရှုရန် ခေါင်းစဉ်ကိုနှိပ်ပါ

မတ်လ ၃ ရက်နေ့ သန်းခေါင်ကျော် ဝဝး၁၅ နာရီ၊ ဝဝး၄၅ နာရီနဲ့ ၁၂းဝဝ နာရီများမှာ Probox အမိုျး အစား အငှားယာဉ် ၃ စီး ကက/xxxx ဗဗ/xxxx နဲ့ ၁င/xxxx ပေါ်မှ ကျပ် ၂၃ ဒသမ ၉ဝ၄ သိန်း တန်ဖိုးရှိ Beer Chang ၅ဝဝ ml ကတ် ၂၇ဝ ကျော်နဲ့ ၃၃ဝ ml ၄၅ ကတ်ကို စစ်ဆေးတွေ့ရှိရတဲ့အတွက် အကောက်ခွန် လုပ်ထုံး လုပ်နည်းနဲ့ အညီ အမှုတွဲဖွင့် သိမ်းဆည်း ခဲ့ရတယ်လို့ သတင်း ရရှိပါတယ်။ အလားတူပဲ မတ်လ ၁ ရက်နေ့ ဝ၃း၁၅ ချိန်ကလည်း ကိုျက်ထိုဘက်မှ မောင်းနှင်လာတဲ့ ဏမသဘသထ အမိုျးအစား အငှားယာဉ် ဗဗ/xxxx ပေါ်မှ ထိုင်းနိုင်ငံလုပ် အသားတု အစို ၉၇၅ ကီလိုဂရမ်ကိုလည်း စစ်ဆေးတွေ့ရှိ သိမ်းဆည်း ခဲ့ရပါသေးတယ်။

ကုန်တင် ယာဉ်ကြီးများ၊ ခရီးသည်တင် မှန်လုံယာဉ်များ၊ Hilux ယာဉ်များနဲ့ တရားမဝင် အကောက်ခွန်မဲ့ ကုန်စည်များ သယ်ဆောင် နေရာမှ ယခုအခါ အငှားယာဉ် များကိုပါ အသုံးပြု သယ်ဆောင်မှု များကို အရဲတိုး လုပ်ဆောင် နေမှုများ တိုးလာနေပြီ ဖြစ်ပါတယ်။ အရေးယူ ကာလ ဖြစ်တဲ့ အားလျော်စွာ ပြင်းထန် ထိရောက်တဲ့ နမူနာပြ ပြစ်ဒဏ်များ ပေးသင့် နေပြီလို့ အကြံပြု ချင်ပါတယ်။

Source လရ-၂                                                                                        MTN