အင်္ဂလိပ်ဘာသာစကား ကျွမ်းကျင်မှုသင်တန်းအမှတ်စဉ် (၁/၂၀၂၄) (သတင်း)

Fri, 03/01/2024 - 05:02 -- DotTrading

အင်္ဂလိပ်ဘာသာစကား ကျွမ်းကျင်မှုသင်တန်းအမှတ်စဉ် (၁/၂၀၂၄)

(သတင်း)

၁။   စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၏ လမ်းညွှန်ချက် အရ လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေး စီမံချက်တွင်ထည့်သွင်းရေးဆွဲထားရှိသည့် သင်တန်းများကို ကုန်သွယ်ရေးဦးစီးဌာန၊ ကုန်သွယ်မှုပညာပေးရေးဌာနခွဲအနေဖြင့် တာဝန်ယူ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါသည်။

၂။       အဆိုပါစီမံချက်အရ အင်္ဂလိပ်ဘာသာစကား ကျွမ်းကျင်မှုသင်တန်း အမှတ်စဉ်(၁/၂၀၂၄) အား ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၈ ရက် (ဗုဒ္ဓဟူးနေ့) နေ့လည်(၁၄း၀၀)နာရီအချိန်တွင် စတင် ဖွင့်လှစ်ခဲ့ပါသည်။

၃။      အဆိုပါသင်တန်းကို ကုန်သွယ်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးအောင်မင်းသိုက် ၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်နန္ဒာဝင်း ၊ လက်ထောက်ညွှန်ကြားရေးမှူး  ဒေါ်ခိုင်မြတ်မြတ်ခိုင် နှင့် လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မေဖြိုးသူ တို့မှ သင်တန်းနည်းပြအဖြစ် သင်ခန်းစာများ ပို့ချ ပေးမည်ဖြစ်ကြောင်းနှင့်  သင်တန်းသား စုစုပေါင်း(၃၂)ဦးတို့ တက်ရောက်မည် ဖြစ်ကြောင်း သိရှိရ ပါသည်။