မြန်မာ-တရုတ် နယ်စပ်ရှိ လွယ်ဂျယ်နယ်စပ် ကုန်သွယ်ရေးစခန်းမှ ဒီဇင်ဘာလ ၆ ရက်မှ ၁၂ ရက်အ တွင်း ကန်ဒေါ်လာ ၃၅၁၇၁ တန်ဖိုးရှိ ဖရဲသီး ၂၇၀ တန် တင်ပို့နိုင်ခဲ့ပါတယ်။ မူဆယ် (၁၀၅) မိုင်ကုန် သွယ်ရေးဇုန်ကတော့ ကန်ဒေါ်လာ ၁ ဒသမ ၈၁၆ သန်း တန်ဖိုးရှိ ဖရဲသီး ၁၄၃၀ဝ တန်နဲ့ ကန်ဒေါ် လာ သုည ဒသမ ၈၈၅ သန်း တန်ဖိုးရှိ သခွားမွှေး ၄၃၄၀ တန် တင်ပို့ခဲ့ပါတယ်။ ယခင်သီတင်းပတ်က လွယ်ဂျယ်မှ ဖရဲ အပို့မရှိဘဲ မူဆယ်မှ တန်ချိန် ၁၈၀ဝ၀ တင်ပို့နိုင်ခဲ့တာတွေ့ရပါတယ်။ လှည်းကူး မြို့နယ်မှာ စိုက်ပျိုးတဲ့ ဖရဲကို တစ်ချို့က အသီးကို ကြည့်ပြီး အခင်းလိုက်အဝယ်ရှိပြီး သခွားမွှေးကတော့ကျောက်ဆည်၊ စဉ့်ကိုင်၊ ဘုတလင်နဲ့ ရွှေဘိုဘက်က အထွက်များတယ်လို့ သိရပါတယ်။ မူဆယ်ကို ဖရဲကား အစီး ၂၀ဝ ဝန်းကျင်နဲ့ သခွားမွှေးကား ၉၀ မှ ၁၁၀ စီး ကြားနေ့စဉ်ပုံမှန်တက် တယ်လို့ မူဆယ်သစ်သီးဝလံကုန်စည်ဒိုင်မှ သတင်းရရှိပါတယ်။
မော်မော်အောင် MIRT (DCCA)