လမ်းပန်း ဆက်သွယ်ရေး ကောင်းမွန်လာပြီ ဖြစ်လို့ ကုန်သွယ်မှု ပိုမိုတိုးတက်အောင် ဆောင်ရွက် သွားကြစေလို

Tue, 05/14/2013 - 08:02 -- admin

တနင်္လာနေ့  ၁၈ မတ်လ  ၂၀၁၃ 01 း 57 PM

ပွင့်လင်း ရာသီ ရောက်ရှိလာပြီး လမ်းပန်း ဆက်သွယ်ရေး ကောင်းမွန် လာပြီဖြစ်လို့ ကုန်သွယ်မှု ပမာဏ ယခုထက် ပိုမို တိုးတက်အောင် ကြိုးပမ်း ဆောင်ရွက် သွားကြစေလိုကြောင်း မတ်လ ၁ ရက်နေ့ ရိဒ်ခေါဒါရ် အစည်း အဝေး ခန်းမမှာ ကျင်းပ ပြုလုပ်တဲ့ ကုန်သွယ်မှု မြှင့်တင်ရေး အစည်းအဝေးမှာ ရိဒ်နယ်စပ် စခန်း တာဝန်ခံ လက်ထောက် ညွှန်ကြားရေးမှူး ဦးတင်ထွန်းဦးမှ ပြောကြားခဲ့တယ်လို့ သိရပါတယ်။ ဆက်လက်ပြီး ကုမ္ပဏီများမှ တင်ပြတဲ့ အခက် အခဲများကို အထက် ဌာနများသို့ တင်ပြ ဆောင်ရွက်သွားမှာ ဖြစ်ကြောင်းနဲ့ တရားမဝင် မှောင်ခို လမ်းကြောင်းမှ ကုန်ပစ္စည်းများ ဝင်ထွက် သွားလာမှု မရှိစေရေး ကုန်သည် လုပ်ငန်းရှင်များ၊ OSS အဖွဲ့ဝင်များနဲ့ မိတ်ဖက် ဌာနဆိုင်ရာများ ဝိုင်းဝန်း တားဆီး ဆောင်ရွက် သွားရန်လိုအပ်ကြောင်း စခန်းတာဝန်ခံမှ ပြောကြား ခဲ့တယ်လို့ သတင်း ရရှိပါတယ်။ နိုင်ငံတော်မှ ကုန်သည် လုပ်ငန်း ရှင်များ အတွက် အခြေအနေ ကောင်းများ ဖန်တီးနေချိန်မှာ ရရှိလာတဲ့ အခွင့်အရေးကို မှန်မှန် ကန်ကန် အသုံးချလုပ် ကိုင်သွားကြရန် လိုကြောင်း၊ ပို့ကုန် သွင်းကုန် ပစ္စည်းများ တင်ပို့ တင်သွင်းရာမှာ တရားမဝင် ကုန်ပစ္စည်းများကို တင်ပို့ခြင်း တင်သွင်းခြင်း မပြုကြရန်နဲ့ နိုင်ငံတော်ရဲ့ စေတနာကို လေးစားတဲ့ အနေနဲ့ ချမှတ် ထားတဲ့ စည်းကမ်းများ ကိုလည်း လိုက်နာကြရန် လိုအပ်ကြောင်း ရိဒ်ခေါဒါရ် မြို့နယ်ခွဲ အုပ်ခုျပ်ရေးမှူး ဦးတင်ထွန်းမှ ကုန်သွယ်မှု မြှင့်တင်ရေး အစည်းအဝေးမှာ ပြောကြားခဲ့တယ်လို့ သတင်းရရှိပါတယ်။

Source နကသ (ရိဒ်)                                                                      ခင်မိုးသူ