ရော်ဘာစိုက်ပျိုးရေးစီမံကိန်းများမှ ဆင်းရဲမှု လျော့ချပေးနိုင်

Sat, 10/08/2011 - 09:01 -- Anonymous (not verified)

မလေးရှားရော်ဘာစက်မှုလုပ်ငန်းငယ်များ ဖွံ့ဖြိုးရေးအာဏာပိုင်(RISDA) က စိုက်ပျိုးမှု အကောင်းဆုံးဆာဘေ့ဒေသမှာ ရာဘာ စိုက်ပျိုးရေးမြှင့်တင်ရေးလှုပ်ရှားမှုများကို ကျေးလက်အဖွဲ့အစည်းများကြားမှာ ဆင်းရဲမှုလျော့ချရေး အစီအစဉ်အဖြစ် ဆောင်ရွက် မယ်လို့သိရပါတယ်။ (RISDA) ရဲ့ ဥက္ကဌက ရာဘာလုပ်ငန်းငယ်တွေကို အထောက်အပံ့ပေးခြင်းကို ဆက်လက်အကောင် အထည်ဖော်မှာဖြစ်ပြီးအထူးသဖြင့် ကျေးလက်ဒေသများကိုအဓိကထားပြီး ထောက်ပံ့မှာဖြစ်တယ်လို့ ပြောကြားပါတယ်။ နိုင်ငံတစ် ဝန်းလုံးမှာ ရော်ဘာစိုက်ဧရိယာ ဟက်တာ (၁)သန်းကို ရောက်ရှိဖို့ ကြိုးစားမှာဖြစ်ပြီး ၊ ကမ္ဘာ့ရာဘာ ထုတ်လုပ်နိုင်မှု အများ ဆုံး နိုင်ငံအဖြစ် ဆက်လက်ရပ်တည်သွားမယ်လို့လည်း ၎င်းကပြောကြားခဲ့ပါတယ်။ ပြည်နယ်အစိုးရဆီက တုံံ့ပြန်မှု အကောင်းဆုံး လည်းလိုအပ်ပြီး အေဂျင် စီတွေနဲ့ စိုက်ပျိုးသူတွေ ပါဝင်ဆောင်ရွက်ဖို့လည်းလိုအပ်ကြောင်းပြောကြားပါတယ်။ (RISDA) အနေနဲ့ အစီစဉ်အမျိုးမျိုးချမှတ် ဆောင်ရွက်ပြီး အားလုံးသော အစီအစဉ်တွေက ကျေးလက်က ရာဘာလုပ်ငန်းတွေအတွက် ရည်ရွယ်ကြောင်း သိရပါတယ်။

ကျေးလက်ဒေသကို အဓိကထားရတဲ့ အကြောင်းရင်းကတော့ လုပ်ငန်းငယ်တွေက ကျေးလက်မှာဘဲရှိပြီး ဆင်းရဲမွဲတေမှုနှုန်း လည်း မြင့်မားကြောင်း သိရပါတယ်။ ဒီလိုဆောင်ရွက်တာက (RISDA) ရဲ့ စည်းမျဉ်းတစ်ခုဖြစ်ပြီး ဆင်းရဲမွဲတေမှု တိုက်ဖျက်ရေး လုပ်ငန်းစဉ်လည်း ဖြစ်ကြောင်းသိရပါတယ်။ မလေးရှား Sabah ဒသမှာ ရာဘာစိုက်ပျိုးဧရိယာ ဟက်တာ (၇)သောင်းရှိပြီး နှစ်စဉ် မက်ထရစ်တန်(၆) သောင်း ထုတ်လုပ်ကြောင်း ရာဘာ Sabah စက်မှုအသင်း (LIGS) က ပြောကြားခဲ့ပါတယ်။

ဒါပေမယ့် နိုင်ငံရဲ့ ထုတ်လုပ်မှုကျဆင်းနေပြီး (LIGS) ရဲ့ဆောင်ရွက်ချက်ကတော့ ၂ ဆ တက်ခဲ့ကြောင်း သိရပါတယ်။ အစိုးရ အနေနဲ့ (LIGS) နဲ့ (RISDA) တို့လို အဖွဲ့အစည်းတွေက အထောက်အပံ့တွေ ပေးခဲ့ကြောင်းလည်း သိရပါတယ်။ မကြာသေးမီ က ကျင်းပပြုလုပ်တဲ့ ညှိနှိုင်းအစည်းအဝေးမှာ စိုက်ပျိုးရေးနဲ့အစားအစာဒုတိယဝန်ကြီးကလည်း အစိုးရအနေနဲ့ Sabah  ဒေသ မှ ရော်ဘာဈေးနှုန်းကို အထောက်အပံ့ပေးသင့်ကြောင်း ပြောကြားခဲ့ပါတယ်။

ပြည်နယ်အစိုးရကနေ (LIGS) ကို ချေးငွေ ရင်းဂစ် သန်း (၆၀) ထုတ်ပေးမယ်လို့လည်း ကြေငြာခဲ့ပါတယ်။ ရာဘာစိုက်ပျိုးရေး စီမံကိန်း အကောင်အထည်ဖော်မှုဟာ ကျေးလက်အဖွဲ့အစည်းတွေအတွက် အကျိုးကျေးဇူး ကြီးမားမှာဖြစ်ပြီး စိုက်ပျိုးရေး နည်း ပညာနဲ့ ဈေးကွက်ဈေးနှုန်းအားကောင်းလာတာကြောင့်ရာဘာစိုက်ပျိုးသူတွေရဲ့ဝင်ငွေတိုးလာပြီး နိုင်ငံတစ်ဝန်းလုံးအတွက်အကျိုးရှိ မှာဖြစ်ကြောင်း ကျေးလက်ဒေသဖွံ့ဖြိုးရေးဝန်ကြီးက ပြောကြားခဲ့ပါတယ်။

Source: Internet (KZW )