ရေနံနဲ့ သဘာဝ ဓါတ်ငွေ့ လုပ်ငန်းသုံး ပစ္စည်း ကိရိယာများအား ပို့ကုန် သွင်းကုန် လိုင်စင် လျှောက်ထားခြင်းမှ ကင်းလွတ် ခွင့်ပြု

Tue, 05/14/2013 - 09:12 -- admin

တနင်္လာနေ့ ၂၀ မတ်လ  ၂၀၁၃ 12 း 23 PM

စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာနမှ ရေနံနှင့် သဘာဝ ဓာတ်ငွေ့ လုပ်ငန်းသုံး ပစ္စည်း ကိရိယာ များအား ပို့ကုန် သွင်းကုန် လိုင်စင် လျှောက်ထားခြင်းမှ ကင်းလွတ်ခွင့် ပြုသည့် အမိန့် ကြော်ငြာစာ အမှတ် ၂၃/၂ဝ၁၃ ကို ၂ဝ၁၃ ခုနှစ် မတ်လ ၁၅ ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန် ကြေငြာ လိုက်ကြောင်း သိရသည်။

အဆိုပါ အမိန့် ကြော်ငြာစာတွင် '' စွမ်းအင် ဝန်ကြီး ဌာနနှင့် နိုင်ငံခြား ကုမ္ပဏီများ အကြား အကိုျးတူ ဆောင်ရွက် သည့် ရေနံနှင့် သဘာဝ ဓာတ်ငွေ့ ဆိုင်ရာ လုပ်ငန်းများ အတွက် စွမ်းအင် ဝန်ကြီးဌာန၏ ကြီးကြပ်မှု နှင့် ရေနံနှင့် သဘာဝ ဓါတ်ငွေ့ လုပ်ငန်းသုံး ပစ္စည်း ကိရိယာများအား ပြည်ပမှ တင်သွင်းခြင်းနှင့် လုပ်ငန်းပြီး ဆုံး၍ ပြည်ပသို့ ပြန်လည် တင်ပို့ခြင်းများ'' အတွက် ပို့ကုန် သွင်းကုန် လိုင်စင် လျှောက်ထားခြင်းမှ ကင်းလွတ်ခွင့် ပြုလိုက်သည်ဟု ဖော်ပြပါရှိ ကြောင်းသိရသည်။

Source ကသစ  (ဦး) ကညက                                                   ပန်