ယှဉ်ပြိုင်မှုဥပဒေ၊ နည်းဥပဒေများ ပြင်ဆင်ရေးဆွဲရေးဆိုင်ရာ ဆဋ္ဌမအကြိမ် ညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်ခြင်း

Wed, 06/26/2024 - 02:48 -- competition

      ဈေးကွက်စီးပွားရေးစနစ် ကျင့်သုံးဆောင်ရွက်ကြသော နိုင်ငံများတွင် ယှဉ်ပြိုင်မှုဥပဒေသည် အဓိကအရေးပါသော ဥပဒေတစ်ရပ်ဖြစ်ပါသည်။ သို့ပါ၍ ဥပဒေသည် ခေတ်နှင့်လျော်ညီ‌စေရန် ဥပဒေ၏ အားသာချက်၊ အားနည်းချက်များအား အစဉ်တစိုက် လေ့လာသုံးသပ်ရေးနှင့် ယှဉ်ပြိုင်မှုဥပဒေ၊ နည်းဥပဒေများ ပြင်ဆင်ရေးဆွဲနိုင်ရေးအတွက် “ယှဉ်ပြိုင်မှုဥပဒေ၊ နည်းဥပဒေများ ပြင်ဆင်ရေးဆွဲရေးဆိုင်ရာ လေ့လာစိစစ်သုံးသပ်ရေးအဖွဲ့”ကို ဖွဲ့စည်းခဲ့ပါသည်။

     အဆိုပါ “ယှဉ်ပြိုင်မှုဥပဒေ၊ နည်းဥပဒေများ ပြင်ဆင်ရေးဆွဲရေးဆိုင်ရာ လေ့လာစိစစ်သုံးသပ်ရေးအဖွဲ့”က ယှဉ်ပြိုင်မှုဥပဒေ၊ နည်းဥပဒေများ ပြင်ဆင်ရေးဆွဲရေးဆိုင်ရာ ဆဋ္ဌမအကြိမ် ညှိနှိုင်းအစည်းအဝေးကို ၂၀၂၄ ခုနှစ်၊ ဇွန်လ ၂၄ ရက်၊ နေ့လယ် (၁:၀၀) နာရီအချိန်တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။

     အစည်းအဝေးကို အဖွဲ့ခေါင်းဆောင်ဖြစ်သူ မြန်မာနိုင်ငံယှဉ်ပြိုင်မှုကော်မရှင် ဒုတိယဥက္ကဋ္ဌက ဦးဆောင်၍ ကျင်းပပြုလုပ်ခဲ့ပြီး ယှဉ်ပြိုင်မှုဥပဒေ၊ နည်းဥပဒေများ ပြင်ဆင်ရေးဆွဲရေးဆိုင်ရာ လေ့လာစိစစ်သုံးသပ်ရေးအဖွဲ့ အဖွဲ့ဝင်များနှင့် ကော်မရှင်ရုံးမှ တာဝန်ရှိသူများက လူကိုယ်တိုင်နှင့် Virtual စနစ်တို့ဖြင့် Hybrid ပုံစံဖြင့် တက်ရောက်ခဲ့ကြပါသည်။