ယှဉ်ပြိုင်မှုဥပဒေသင်တန်းဖွင့်လှစ်မှုအခြေအနေ

Wed, 10/25/2023 - 08:07 -- DotTrading

ယှဉ်ပြိုင်မှုဥပဒေသင်တန်းဖွင့်လှစ်မှုအခြေအနေ

၁။      စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၏ လမ်းညွှန်ချက် အရ လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးစီမံချက်တွင် ထည့်သွင်းရေးဆွဲထားရှိသည့် သင်တန်း များကို ကုန်သွယ်ရေးဦးစီးဌာန ၊ ကုန်သွယ်မှုပညာပေးရေးဌာနခွဲအနေဖြင့် တာဝန်ယူအကောင် အထည်ဖော်ဆောင်ရွက်လျက်ရှိပါသည်။

၂။       အဆိုပါစီမံချက်အရ ယှဉ်ပြိုင်မှုဥပဒေသင်တန်းကို ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ (၂၃) ရက် နေ့မှ (၂၄) ရက်နေ့ထိ (တနင်္လာ၊ အင်္ဂါ) နေ့များတွင် နံနက် (၁၀:၀၀) နာရီမှ (၁၂:၀၀)နာရီထိ  ဖွင့်လှစ်ခဲ့ပါသည်။

၃။      အဆိုပါသင်တန်းကို မြန်မာနိုင်ငံယှဉ်ပြိုင်မှုကော်မရှင်အဖွဲ့ဝင်၊ ဒေါ်အေးအေးသိန်း မှ ယှဉ်ပြိုင်မှု ဥပဒေအကြောင်း သိကောင်းစရာများကို သင်ကြားပေးခဲ့ပါသည်။ သင်တန်းကို အရာထမ်း၊ အမှုထမ်း စုစုပေါင်း (၁၉) ဦး တို့ တက်ရောက်ခဲ့ပါသည်။