မဲခေါင် မြစ်ဝှမ်း ဒေသမှ ဆန်တင်ပို့မှု ၁၈ ရာခိုင်နှုန်း မြင့်တက်

Tue, 05/14/2013 - 08:44 -- admin

အဂ်ါနေ့  ၁၉ မတ်လ  ၂၀၁၃ 10 း 33 AM

၂ဝ၁၃ ခုနှစ် ပထမ နှစ်လ ဖြစ်တဲ့ ဇန်နဝါရီလနဲ့ ဖေဖော် ဝါရီလများမှာ မဲခေါင် မြစ်ဝှမ်း ဒေသမှ ပြည်ပသို့ ဆန် တန်ချိန် ၆၇ဝဝဝဝ တန်၊ တန်ဖိုး အားဖြင့် ကန်ဒေါ်လာ ၃ဝ၄ သန်းဖိုး တင်ပို့ နိုင်ခဲ့ပြီး ယမန် နှစ်ကာလ တူထက် ၁၈ ရာခိုင်နှုန်း မြင့်တက် ခဲ့တယ်လို့ သိရပါတယ်။

အာရှသည် ဆန်ဈေးကွက် အကြီးမားဆုံး ဒေသဖြစ်ပြီး စားသုံးမှု ပမာဏဟာ စုစုပေါင်း ကမ္ဘာ့ဆန် စားသုံးမှု ပမာဏရဲ့ ၆၅ ရာခိုင်နှုန်း ရှိပြီး အမေရိက၊ အာဖရိကနဲ့ ဥရောပ နိုင်ငံတို့ဟာ အာရှနောက်မှာ စားသုံးမှု အဆင့် အလိုက် စဉ်လျက် ရှိနေပါတယ်။

ယာယီ ဝယ်ယူ သိုလှောင်ပြီးမှ ရောင်းချတဲ့ စနစ်အရ စပါးဈေးဟာ ၁ ကီလိုဂရမ်ကို ဗီယက်နမ် ဒေါင်   ၅၂ဝဝ-၅၃ဝဝ ဝန်းကျင် ထိ တိုးလာပါတယ်။ ၂ဝ၁၃ ခုနှစ် တွင် မဲခေါင် ဒေသမှ ဆန် တန်ချိန် ၆ ဒသမ ၅ သန်းမှ ၆ ဒသမ ၈ သန်းထိ တင်ပို့ နိုင်မယ်လို့ မျှော်မှန်းထာ းပါတယ်။ ရည်မှန်းချက် ပြည့်မီ စေရေး အတွက် ခေတ်မီ ဇီဝ နည်းပညာ သုံးစိုက်ပိုျးခြင်း၊ စပ်မိုျးများ ရွေးချယ် စိုက်ပိုျး စေခြင်းစတဲ့ စိုက်ပိုျး ရေးပိုင်း ဆိုင်ရာ ဝန်ဆောင်မှု များကို တိုးမြှင့် ပံ့ပိုးပေး နေတယ်လို့ သိရပါတယ်။

Source: VNA                                                           CMK