မူဆယ်-မန္တလေးကုန်သွယ်မှု လမ်းကြောင်းပေါ်ရှိ (Mobile Team) အဖွဲ့မှ သိမ်းဆည်းရမိအေးခဲကြက်သားများ မီးရှို့ဖျက်ဆီး

Tue, 12/04/2012 - 14:41 -- Anonymous (not verified)

   စားသုံးသူ ကာကွယ်ပေးရေး နဲ့ တရားမဝင်ကုန်သွယ်မှုများ လျော့နည်းကျဆင်းစေရေး အတွက် လှုပ်ရှား တားဆီးရေး အဖွဲ့ (Mobile Team) နဲ့ မူဆယ်-မန္တလေး ကုန်သွယ်မှု လမ်းကြောင်းပေါ်တွင် နိုဝင်ဘာလ ၁ ရက်နေ့မှ စတင်ပြီး ထိန်းကျောင်း ဆောင်ရွက် ပညာပေးနေပြီ ဖြစ်ပါတယ်။ နိုဝင်ဘာလ ၈ ရက်နေ့မှာတော့ ခွန်လုံရွာအနီး အခြေပြုပြီး အတက်အဆင်း ယာဉ်များကို စစ်ဆေးရာမှာတော့ မူဆယ်မှ မန္တလေးသို့ သွားတဲ့ ဗင်ကားအမှတ် ကက/xxxx ပေါ်မှာ အလေးချိန် ကီလိုဂရမ် ၅ဝဝ ကျော်ရှိ တရုတ်နိုင်ငံထုတ် အေးခဲထားသော (Perishable) အသားတုအစို၊ ကြက်သား၊ ကြက်အဆီဖူး ၆ ထုတ်ကို သိမ်းဆည်း ရမိခဲ့ပါတယ်။ သက်ဆိုင်ရာ မွေးရေဝန်ကြီးဌာန ရဲ့ ထောက်ခံချက် မပါရှိတဲ့ အပြင် သိမ်းဆည်း ရမိတဲ့ အခါ ထောက်ခံချက် ထုတ်ပေးနိုင်ရေး သဘောထား မှတ်ချက် တောင်းခံရာမှာလည်း ထောက်ခံချက် ထုတ်ပေးနိုင်ခြင်း မရှိတဲ့အတွက် အထက်ဌာနရဲ့ ညွှန်ကြားချက်နဲ့ အညီ အဖွဲ့နဲ့ဖျက်ဆီးမှုများကို နိုဝင်ဘာလ ၁ဝ ရက်နေ့ ၁ဝ နာရီ မှ ၁၁း၃ဝ ချိန်ထိ မူဆယ် ၁ဝ၅ မိုင် ကုန်သွယ်ရေး ဇုန်မှာ လုပ်ဆောင်ခဲ့တယ်လို့ သတင်းရရှိပါတယ်။

    အသားတုများမှာ အသားတု အစိုဖြစ်ခြင်း၊ ပိုင်ရှင် လာရောက်ဆက်သွယ်မှု မရှိခြင်းတို့ကြောင့် ကျန်အသားစိုများနဲ့ အတူ တပါတည်း ဖျက်ဆီးရန် အဖွဲ့က ဆုံးဖြတ်ပြီး ဖျက်ဆီးခဲ့တယ်လို့ သိရပါတယ်။ မူဆယ် ၁ဝ၅ မိုင်ဇုန်အတွင်း မြေတွင်းတူးပြီး (Mobile Team) အဖွဲ့ပါ နယ်စပ်ကုန်သွယ်ရေး၊ အကောက်ခွန်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ဒေသအာဏာပိုင် ကိုယ်စားလှယ်၊ ကုန်သည်များ အသင်း ကိုယ်စားလှယ်နဲ့ Media များပါဝင်သော အဖွဲ့က ဒီဇယ်လောင်း မီးရှို့မြေမြှုပ် ဖျက်ဆီးမှုကို လုပ်ဆောင်ခဲ့တဲ့ မှတ်တမ်းဓါတ်ပုံများနဲ့ ဖော်ပြပေး လိုက်ရပါတယ်။ 

                              

                 (Mobile Team)အဖွဲ့မှ ဖမ်းဆီးရရှိသည့် တရားမဝင် ပစ္စည်းများအား မီးရှို့ ဖျက်ဆီးနေပုံ (အပေါ်ပုံ)

ဂန္ဓမာ