မုပ္ပလင် မြစ်ကျိုးအင်း ကျေးရွာချင်း ဆက်လမ်းက တိမ်းစောင်းယာဉ်မှာ ကုန်စိမ်းနဲ့ သစ်ခွပန်းများ တရားမဝင် သယ်ဆောင်လာမှု စစ်ဆေးတွေ့ရှိ

Tue, 05/14/2013 - 07:56 -- admin

သောကြာနေ့  ၁၅ မတ်လ  ၂၀၁၃ 11 း 10 AM

မတ်လ ၆ ရက်နေ့ ညသန်းခေါင်ယံ အချိန် ၂၃း၃ဝ နာရီ ခန့်မှာ မုပ္ပလင် မြစ်ကျိုးအင်း ကျေးရွာ ချင်းဆက် လမ်းမှာ တရားမဝင် ကုန်စုံ တင်ထားတဲ့ ဒိုင်နာယာဉ် တစ်စီး တိမ်းစောင်း နေတယ်လို့ သတင်းအရ Mobile Team အဖွဲ့-၂ မှ သွားရောက် စစ်ဆေးမှု ပြုလုပ်ခဲ့ရာမှာ တရားမဝင် သယ်ဆောင်လာတဲ့ သစ်ခွပန်းနဲ့ ကုန်စိမ်း များတွေ့ရှိ သိမ်းဆည်းမှု ပြုလုပ်ခဲ့တယ်လို့ သတင်း ရရှိခဲ့ပါတယ်။ စစ်ဆေးတွေ့ရှိ သိမ်းဆည်းခဲ့ရတဲ့ ပစ္စည်းတေ ကတော့ သစ်ခွပန်းများနဲ့ ပိန္နဲသီး၊ ကွဲျကောသီး၊ သရက်သီး၊ သံပုရာသီး၊ မုန်လာဥနီ၊ ကြက်သွန်နီ၊ ဂေါ်ဖီ၊ ငြုပ်သီး၊ ကညွှတ်၊ ပိန်းဥ၊ မှိုနဲ့ဂျင်းစတဲ့ ပုတ်သိုးလွယ် ကုန်စိမ်းများဖြစ်ပြီး ခန့်မှန်းတန်ဖိုး အားဖြင့်ကျပ် ၁၆ သိန်းကျော် ရှိတယ်လို့သိ ရပါတယ်။

ပုတ်သိုး လွယ်ကုန် စိမ်းများနဲ့ သစ်ခွပန်းများ ကို Mobile Team အဖွဲ့စုံနဲ့ စည်ပင် သာယာအဖွဲ့တို့ ပါဝင်တဲ့ အဖွဲ့က စနစ်တကျ လုပ်ထုံးလုပ်နည်းနဲ့ အညီ ဈေးပြိုင်စနစ်နဲ့ လေလံတင် ရောင်းချခဲ့ရာ မှာတော့ လေလံယှဉ်ပြိုင် ဆွဲသူ (၅) ဦးရှိခဲ့ပြီး အမြင့်ဆုံးဈေး ၁၇ သိန်းနဲ့လေလံ ပြိုင်ဆွဲသူ များထဲက (၁) ဦး လေလံ အောင်သွား ခဲ့တယ်လို့ သတင်း ရရှိပါတယ်။

Source: လရ-၁                                                                                           MTN