ဘရူနိုင်းနိုင်ငံ၊ ဘန်ဒါဆရီဘဂါဝမ်မြို့တွင် ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၁၅ ရက်မှ ၁၇ ရက်အထိကျင်းပပြုလုပ်လျက်ရှိသည့် (၁၀၅) ကြိမ်မြောက် အာဆီယံ၀န်ဆောင်မှုညှိနှိုင်းရေးကော်မတီ (105th CCS) အစည်းအဝေးသို့ ပါဝင်တက်ရောက်ခြင်း

Wed, 11/15/2023 - 09:16 -- regionaldep

    (၁၀၅) ကြိမ်မြောက် အာဆီယံဝန်ဆောင်မှုညှိနှိုင်းရေးကော်မတီ (Coordinating Committee on Services – 105th CCS) အစည်းအဝေးကို ဘရူနိုင်းနိုင်ငံ၊ ဘန်ဒါဆရီဘဂါဝမ်မြို့၌ ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၁၅ ရက်မှ ၁၇ ရက်အထိကျင်းပပြုလုပ်လျက်ရှိရာ အာဆီယံ အဖွဲ့ဝင်နိုင်ငံများမှ ဝန်ဆောင်မှုညှိနှိုင်းရေးကော်မတီအဖွဲ့ဝင် ကိုယ်စားလှယ်များ၊ အာဆီယံအတွင်းရေးမှူးချုပ်ရုံးမှ ကိုယ်စားလှယ်များပါဝင်တက်ရောက်ခဲ့ပါသည်။မြန်မာနိုင်ငံမှဘာသာရပ်ဆိုင်ရာကိုယ်စားလှယ်အဖြစ် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာနမှ အရာထမ်းကိုယ်စားလှယ် (၃) ဦးနှင့် မလေးရှားနှင့် ဖိလစ်ပိုင်နိုင်ငံတို့မှ အရာထမ်းကိုယ်စားလှယ်များက အွန်လိုင်းစနစ်ဖြင့် ပါဝင်တက်ရောက်ဆွေးနွေးလျက်ရှိပါသည်။

   အဆိုပါအစည်းအဝေးတွင် အာဆီယံဝန်ဆောင်မှုညှိနှိုင်းရေးကော်မတီနှင့်ဆက်စပ်သည့် သဘောတူညီချက်များ၏ အတည်ပြုလုပ်ငန်းစဉ်ဆောင်ရွက်မှုအခြေအနေများ၊ ဝန်ဆောင်မှုကုန်သွယ်ရေးဆိုင်ရာဖြေလျှော့မှုများ၊ အာဆီယံလူပုဂ္ဂိုလ်များရွှေ့ပြောင်းသွားလာမှုဆိုင်ရာသဘောတူညီချက်နှင့် ဝန်ဆောင်မှုညှိနှိုင်းရေးကော်မတီ၏လုပ်ငန်းအစီအစဉ်တို့ကို ဆွေးနွေးညှိနှိုင်းခဲ့ကြပါသည်။ ဘဏ္ဍာရေးနှင့်လေကြောင်းအပါအဝင် ဝန်ဆောင်မှုကဏ္ဍအလိုက်လုပ်ငန်းအဖွဲ့များ၏ အစီရင်ခံစာများတင်ပြခြင်း၊ အာဆီယံဝန်ဆောင်မှုများအတွက် ERIA နှင့် OECD အဖွဲ့အစည်းများ၏ လေ့လာသုံးသပ်ချက်များကို ဆွေးနွေးတင်ပြခြင်းတို့လည်းပါဝင်ပါသည်။