ဗီယက်နမ် နိုင်ငံမှ ဆန်တန်ချိန် ၉ သိန်းကျော် တင်ပို့ပြီးဖြစ်

Tue, 05/14/2013 - 09:11 -- admin

တနင်္လာနေ့ ၂၀ မတ်လ  ၂၀၁၃ 11 း 46 AM

၂ဝ၁၃ ခုနှစ် နှစ်ဆန်းမှ မတ်လ ၁၄ ရက်နေ့ထိ ဆန် တန်ချိန် ၉ဝ၆၁၇၃၊ တန်ဖိုးအား ဖြင့် ကန်ဒေါ်လာ ၄၁၁ သန်းကို တင်ပို့နိုင် ခဲ့ပြီလို့ ဗီယက်နမ် စားသောက်ကုန် အသင်း (VFA) ရဲ့ ထုတ်ပြန်ချက် အရ သိရှိရပါတယ်။

ဇန်နဝါရီလ အတွင်း ဗီယက်နမ်မှ တင်ပို့တဲ့ ပျမ်းမျှ ဆန်ဈေးဟာ ယမန်နှစ် ကာလတူ ထက် ၂ဝ ရာခိုင်နှုန်း လျော့နည်း ခဲ့ပါတယ်။ စက်မှုနဲ့ ကုန်သွယ်ရေး ဝန်ကြီးဌာနမှ အာဖရိက အနောက်နဲ့ တောင်အာရှဒေသခွဲ တာဝန်ခံ Hoang Due Nhuan က ၂ဝ၁၃ ခုနှစ်ဟာ ဗီယက်နမ် နိုင်ငံ အနေနဲ့ ဆန်တင် ပို့ရန် ခက်ခဲတဲ့နှစ် တစ်ခုဖြစ်တယ်။ အခြား ကမ္ဘာ့ဆန် တင်ပို့တဲ့ နိုင်ငံများ ဖြစ်တဲ့ ထိုင်းနဲ့ အိန္ဒိယ နိုင်ငံတို့နဲ့ ယှဉ်ပြိုင်ပို့ရတဲ့ အတွက် ဖြစ်တယ်လို့ ပြောကြားခဲ့တယ်လို့ သိရပါတယ်။

Source  VOV                                                                                                  CMK