ဖေဖော် ဝါရီလ ၂၈ ရက်မှ မတ်လ ၅ ရက်ထိ ကာလ အတွင်း တရားမဝင် အကောက်ခွန် ပစ္စည်းမျိုးစုံ ကျပ် ၂၄၈ သိန်း ကျော်ဖိုး မြဝတီ-ရန်ကုန် ကုန်သွယ်မှု လမ်းကြောင်းမှာ စစ်ဆေး တွေ့ရှိရလျက်ရှိ

Tue, 05/14/2013 - 07:44 -- admin

ကြာသပတေးနေ့  ၁၄ မတ်လ  ၂၀၁၃ 12 း 57 PM

မြဝတီ-ရန်ကုန် ကုန်သွယ်မှု လမ်းကြောင်းမှာ တာဝန်ယူ လျက်ရှိတဲ့ လှုပ်ရှား ရှာဖွေတားဆီးရေး (Mobile Team) အဖွဲ့-၂ မှ တာဝန် ယူလျက် ရှိတဲ့ ကာလအတွင်း ဖေဖော်ဝါရီလ ၂၈ ရက်မှ မတ်လ ၅ ရက်ထိ ကာလ အတွင်းမှာ ကျပ် ၂၄၈ ဒသမ ၇၃၈ သိန်း တန်ဖိုးရှိ အကောက်ခွန်မဲ့ ပစ္စည်းများအား စစ်ဆေး တွေ့ရှိခဲ့ရတဲ့ အတွက် အကောက်ခွန် လုပ်ထုံးလုပ်နည်း များနဲ့အညီ အမှုတွဲများ ဖွင့်လှစ် အရေးယူ ခဲ့ရတယ်လို့ သိရှိ ရပါတယ်။.........ဆက်လက်ဖတ်ရှုပါရန် ခေါင်းစဉ်ကိုနှိပ်ပါ

 

စစ်ဆေး တွေ့ရှိရတဲ့ အကောက်ခွန်မဲ့ ပစ္စည်းများမှာ Chang Beer များ၊ Sirgha Beer များ၊ 8.6 Beer များ၊ Lipo၊ M 150၊ Dee Do၊ Sprite၊ Kato၊ Queen၊ Cocoa Cola စတဲ့ အခိုျရည်များ၊ ဘီစကစ်၊ ဝေဖာ၊ Soya Milk၊ Birdy Coffee၊ ကင်းမွန်ငံပြာရည်၊ စားဆီ စတဲ့ စားသောက်ကုန်များ၊ ပေပါခွံများ၊ Rubber Break Tone၊ ရေခဲ သေတ္တာ၊ အဝတ်လျှော်စက် Water Cooler၊ TV (အဟောင်းများ)၊ Dunlop တာယာများနဲ့ ထိုင်းနိုင်ငံ လုပ် အသားတု အစိုများ ဖြစ်ကြပါတယ်။

နိုင်ငံတော်ပိုင်းမှ ပို့ကုန်သွင်းကုန် ဆိုင်ရာ ဖြေလျော့မှုများ လုပ်ပေး နေပါလျက် တရားမဝင် အကောက်ခွန်မဲ့ ကုန်သွယ်မှု များကို လုပ်ဆောင် နေမှုများမှာ သိသိသာသာ လျော့နည်း သွားခြင်း မရှိဘဲ ဥပဒေကို မသိကိုျး ကံျွပြုပြီး ဆက်လက် ကူျးလွန် နေဆဲပင် ဖြစ်ပါတယ်။ ပစ္စည်း သိမ်းရုံတင် မဟုတ်ဘဲ ထိရောက် ပြင်းထန်တဲ့ အပြစ်ဒဏ် ပေးစနစ် ကိုကျင့်သုံး အရေးယူ သင့်နေပြီလို့ ယူဆမိပါတယ်။

Source လရ-၂                                                                                                 MIRT