ပြင်ဦးလွင် - မိုးကြိုး - မိုးကုတ်မိုင်တိုင် ၉/ဝ နဲ့ အခြား သစ်ခွဲသားတင် Light Truck ယာဉ်

Tue, 05/14/2013 - 07:57 -- admin

တနင်္လာနေ့  ၁၈ မတ်လ  ၂၀၁၃ 10 း 48 AM

မန္တလေး - မူဆယ် ကုန်သွယ်မှု လမ်းကြောင်း တွင် စားသုံးသူ အကာအကွယ် ပေးရေးနဲ့ တရားမဝင် ကုန်သွယ်မှု တားဆီး ထိန်းချုပ်ရေး Mobile Team အဖွဲ့-၁ ဟာ မတ်လ ၉ ရက်နေ့က သတင်း အရ ထုတ်နုတ် အင်အား နဲ့ ပြင်ဦးလွင် - မိုးကုတ် ကားလမ်းဆုံက တဆင့် ပြင်ဦးလွင် - မိုးကြိုး -မိုးကုတ် ကားလမ်း အတိုင်း မောင်းနှင် လာခဲ့ပါတယ်။ မိုင်တိုင် အမှတ် ၉/ဝ သို့ ၁၃း၄၅ ချိန်ရောက်ရှိ လာချိန် မှာတော့ မိုးကုတ်-ပြင်ဦးလွင် ကားလမ်း အတိုင်း မောင်းနှင် လာတဲ့ Light Truck ယာဉ် ၈က/xxxxx နဲ့ ၈ဃ/xxxxx ယာဉ်နှစ်စီး ပေါ်မှာ သစ်ခွဲ သားများ တင်ဆောင်ထား တာကိုတွေ့ ရှိရတဲ့ အတွက် ရပ်တန့် စစ်ဆေးမှု ပြုလုပ် ခဲ့ပါတယ်။ အဆိုပါ ယာဉ် (၂) စီး ပေါ်ပါ အခြားအသား သစ်ခွဲသား များကို တွေ့ရှိရပြီး သစ်တော ဦးစီးဌာနရဲ့ ထုတ်လုပ်ခွင့်နဲ့ မျှောစာ မပါရှိ တာကိုလည်း စစ်ဆေး တွေ့ရှိခဲ့ ရတယ်လို့ သိရှိရ ပါတယ်။ သစ်တော ဦးစီးဌာန မိုးကြိုး ဘိနယ်ရုံး တာဝန်ခံ ဦးခင်မောင်ဆန်းထံကို အခြားအသား သစ်ခွဲသားများနဲ့ သစ်သယ်ယာဉ် Light Truck (၂) စီးကို သစ်တော ဦးစီးဌာန လုပ်ထုံးလုပ်နည်းနဲ့ အညီအရေးယူ ဆောင်ရွက် နိုင်ရန် လွဲှပြောင်း အပ်နံှခဲ့ပြီး ဖြစ်တယ်လို့ Commerce Journal က သတင်း ရရှိပါတယ်။

 

Source လရ-၁                                                                                               MTN