ပဲအိတ်များအောက်ကသိုဝှက်သယ်ဆောင်လာတဲ့ စားဆီပုံးအဝါများ

Tue, 05/14/2013 - 08:41 -- admin

အဂ်ါနေ့  ၁၉ မတ်လ  ၂၀၁၃ 09 း 52 AM

မတ်လ ၁၁ ရက်နေ့က မြဝတီ-ရန်ကုန် ကုန်သွယ်မှု လမ်းကြောင်းမှာ စားသုံးသူ အကာအကွယ် ပေးရေးနဲ့ တရားမဝင် ကုန်စည်စီးဆင်းမှု တားဆီးရေး ရွေ့လျားအဖွဲ့-၂ က တာဝန် ထမ်းဆောင် နေစဉ် ပဲအိတ်များ တင်ဆောင်ထားတဲ့ Canter ယာဉ်အမှတ် ၃ခ/ထထထထ ကို စစ်ဆေးရာမှာ ပဲအိတ်များ အောက်မှာ သိုဝှက် သယ်ဆောင် လာတဲ့ အကောက်ခွန်မဲ့ ပစ္စည်းများကို တွေ့ရှိရတယ်လို့ သတင်း ရရှိပါတယ်။ ပဲအိတ်များ အောက်မှာ သိုဝှက်သယ်ဆောင် လာတဲ့ ပစ္စည်း တွေထဲမှာ ကျပ် ၇၅၂ဝဝဝ တန်ဖိုးရှိ စားဆီပုံး အဝါ ၄၇ ပုံးကို စစ်ဆေး တွေ့ရှိရတယ်လို့ သိရပါတယ်။ စားဆီပုံးများ အပြင် ကျပ် ၁၂ဝဝဝ တန်ဖိုးရှိ Birdy Coffeemix နဲ့ ကျပ် ၁၅ဝဝဝဝ တန်ဖိုးရှိ အချိုမှုန့် ၅ဝ ကီလိုဂရမ်ပါ အိတ် ၃ အိတ်ကို လည်း တွေ့ရှိရတယ် လို့ သိရ ပါတယ်။ အဆိုပါ ယာဉ်က ပဲအိတ်များ အောက်မှာ သိုဝှက်သယ်လာတဲ့ ပစ္စည်း (၃) မိုျး တန်ဖိုး စုစုပေါင်း ၉၁၄ဝဝဝိ/- ရှိတယ်လို့ Mobile Team အဖွဲ့-၂ ထံမှ သတင်းရရှိပါတယ်။

မတ်လ ၁၁ ရက် ဝ၉း၄၅ ချိန်မှ မတ်လ ၁၁ ရက် ၂၃း၁ဝ ချိန်အတွင်းမှာ စားဆီပုံး အဝါ စစ်ဆေးတွေ့ရှိ သိမ်းဆည်းရမှုမှာ ၈၇ ပုံး၊ တန်ဖိုးအားဖြင့် ကျပ် ၁ ဒသမ ၃၉၂ သန်းဖိုးကို Mobile Team အဖွဲ့-၂ က စစ်ဆေးတွေ့ ရှိခဲ့တယ်လို့ သိရပါတယ်။ ဒါ့အပြင် ၂ လီတာဆန့် ဆီဗူး ၆ ဗူးပါ ၂ဝ ဖာနဲ့ ၄ ဗူးပါ ၁၅ ဖာ၊ တန်ဖိုးအား ဖြင့် ကျပ် သုညဒသမ ၅၄ဝ သန်းဖိုးကိုလည်း (၁) ရက်တည်းမှာပင် စစ်ဆေး တွေ့ရှိခဲ့ သေးတဲ့ အတွက် မတ်လ ၁၁ ရက်တစ်ရက် တည်းမှာ ဆီစစ်ဆေး တွေ့ရှိမှုမှာ ကျပ် ၂ သန်း နီးပါး တန်ဖိုး ရှိတယ်လို့ သိရှိရပါတယ်။ မတ်လ ၇ ရက်မှ ၁၃ ရက်ထိ တစ်ပတ်တာ ကာလအတွင်း မှာတော့ ကျပ် ၄ သန်းကျော် တန်ဖိုးရှိ စားဆီပုံးဝါများ၊ ၁ လီတာ၊ ၂ လီတာ၊ ၅ လီတာနဲ့ ၁၈ လီတာဆန့်ဆီဗူးများကို စစ်ဆေး တွေ့ရှိ ခဲ့တယ်လို့ သိရပါတယ်။

Source Mobile Team -၂                                                                                                        MTN