စားသုံးသူ အကာအကွယ်ပေးရေး ဓာတ်ဆီဒီဇယ် ဆီ ပေပါဟောင်းများကို စစ်ဆေး သိမ်းဆည်းခဲ့ရ

Tue, 05/14/2013 - 07:40 -- admin

ကြာသပတေးနေ့  ၁၄ မတ်လ  ၂၀၁၃ 11 း 31 AM

ဖေဖော်ဝါရီလ ၂၆ ရက်မှ မတ်လ ၂ ရက်ထိ ကာလ အတွင်း မြဝတီ ရန်ကုန် ကုန်သွယ်မှု လမ်းကြောင်း ပေါ်တွင် စားသုံးသူ အကာအကွယ် ပေးရေးနဲ့ တရားမဝင် ကုန်သွယ်မှု လျော့နည်း ကျဆင်းရေး လှုပ်ရှား ရှာဖွေတားဆီး စစ်ဆေးလျက်ရှိတဲ့ Mobile Team အဖွဲ့-၂ ဟာ ကာလ တန်ဖိုး (ခန့်မှန်း) ကျပ် ၁၄ သိန်းတန်ဖိုးရှိ ပေပါခွံ အလုံး ၁၄ဝ ကို အဖွဲ့ရဲ့ ဆုံးဖြတ်ချက်နဲ့ သိမ်းဆည်း ခဲ့တယ်လို့ သတင်းရရှိပါတယ်။အဆိုပါ ပေပါခွံများမှာ မြဝတီမှ မော်လမြိုင်သို့ စက်သုံးဆီ (ဓာတ်ဆီနဲ့ ဒီဇယ်ဆီ) များ သယ်ဆောင် ထားသော အသုံးပြုပြီး (used) ပေပါများ ဖြစ်ကြောင်းနဲ့ ရန်ကုန်တွင် စားသုံးဆီ ထည့်သွင်း အသုံးပြုရန် အတွက် ရောင်းချရန် အလို့ငှာ သယ်ဆောင်လာခြင်း ဖြစ်တယ်လို့ စိစစ်သိရှိ ရတဲ့ အတွက် စားသုံးသူ အကာအကွယ် ပေးရေး ရှု့ထောင့် အရ Mobile Team အဖွဲ့စုံဟာ သိမ်းဆည်းခဲ့ရခြင်း ဖြစ်တယ်လို့ စုံစမ်းသိရှိ ရပါတယ်။ ပေပါခွံ များကို ၁ဝ ဘီးယာဉ် ၁ စီး၊ ၆ ဘီးယာဉ် ၂ စီးနဲ့ ယာဉ်အမှတ် ဓ/xxxxxx ယာဉ် (၄) စီးနဲ့ တင်ဆောင် လာကြ တာလို့ သိရပါတယ်။

Source လရ-၂                                                                                                  MTN