စာပေနှင့်အနုပညာလက်ရာများကို မှတ်ပုံတင်ခြင်း ဆိုင်ရာသိကောင်းစရာများနှင့် စက်မှုဒီဇိုင်းမှတ်ပုံတင်ခြင်းဆိုင်ရာသိကောင်းစရာများအကြောင်းကို မြန်မာ့အသံနှင့်ရုပ်မြင်သံကြား-MRTV တွင် စကားဝိုင်းဆွေးနွေးခြင်း

Mon, 06/17/2024 - 08:57 -- ipICTdep

နေပြည်တော်၊ ဇွန်လ ၇

စာပေနှင့်အနုပညာလက်ရာများကို မှတ်ပုံတင်ခြင်းဆိုင်ရာသိကောင်းစရာများနှင့် စက်မှုဒီဇိုင်း မှတ်ပုံတင်ခြင်းဆိုင်ရာများသိကောင်းစရာများအကြောင်းကို ဇွန်လ ၇ ရက်နေ့နံနက်ပိုင်း၌ မြန်မာ့ အသံနှင့်ရုပ်မြင်သံကြား-MRTV၊ တပ်ကုန်းအသံလွှင့်ရုံတွင် သွားရောက်ရိုက်ကူးခဲ့သည်။

အဆိုပါ စကားဝိုင်းဆွေးနွေးပွဲကို မူပိုင်ခွင့်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာမိုးမိုးသွယ်၊ စာပေနှင့်အနုပညာမူပိုင်ခွင့်ဌာနခွဲ ညွှန်ကြားရေးမှူး ဒေါက်တာနွယ်ရီဝင်းနှင့် စက်မှုဒီဇိုင်းမူပိုင်ခွင့် ဌာနခွဲ ညွှန်ကြားရေးမှူး ဒေါက်တာခင်စန္ဒာဝင်းတို့က ပါဝင်ဆွေးနွေးခဲ့ကြသည်။ အဆိုပါ စကားဝိုင်းဆွေးနွေးရာတွင် ၂၀၁၉ ခုနှစ်တွင် စတင်ပြဋ္ဌာန်းခဲ့သည့် ကုန်အမှတ်တံဆိပ်မူပိုင်ခွင့်ဥပဒေ၊ စက်မှုဒီဇိုင်းမူပိုင်ခွင့်ဥပဒေ၊ စာပေနှင့်အနု ပညာမူပိုင်ခွင့်ဥပဒေနှင့် တီထွင်မှုမူပိုင်ခွင့်ဥပဒေတို့ အနက် အမှတ်တံဆိပ်မူပိုင်ခွင့်၊ စက်မှုဒီဇိုင်းမူပိုင်ခွင့်နှင့် စာပေနှင့်အနုပညာမူပိုင်ခွင့်မှတ်ပုံတင် လျှောက်ထားခြင်းများအား တရားဝင်လက်ခံ ဆောင်ရွက်နေပြီဖြစ်ပါကြောင်း၊ မူပိုင်ခွင့်ဥပဒေများ နှင့်စပ်လျဉ်း၍ သိရှိထားရမည့်အချက်များ၊ မှတ်ပုံတင်ရမည့်နည်းလမ်းများ၊ အကာအကွယ်ရရှိနိုင်သည့် အခွင့်အရေးများနှင့်စပ်လျဉ်း၍လည်းကောင်း၊ စာပေနှင့်အနုပညာမူပိုင်ခွင့်မူပိုင်ရှင်နှင့် စပ်လျဉ်း၍ စာပေနှင့်အနုပညာပိုင်ရှင်များနှင့် ဆက်နွှယ်သည့်အခွင့်အရေးပိုင်ရှင်များရရှိမည့် စီးပွားရေးဆိုင်ရာအခွင့်အရေးများအားလည်းကောင်း၊ စာပေနှင့်အနုပညာလက်ရာများ မှတ်ပုံတင် လျှောက်ထားလိုလျှင် လူကိုယ်တိုင်ဖြစ်စေ၊ အီလက်ထရောနစ်စနစ်ဖြင့်ဖြစ်စေ လျှောက်ထားနိုင်ပြီး၊ အီလက်ထရောနစ်စနစ်ဖြင့်လျှောက်ထားမည်ဆိုပါက CRFile System ဖြင့် လျှောက်ထားနိုင်မည်ဖြစ်ပါကြောင်း၊ စက်မှုဒီဇိုင်းမူပိုင်ခွင့်ဆိုင်ရာများနှင့်စပ်လျဉ်း၍ ဒီဇိုင်းကို ဖန်တီးသူများ၊ ဖန်တီးသူ၏ တရားဝင်အမွေဆက်ခံသူများ၊ အလုပ်ရှင်နှင့်အလုပ်သမားတို့၏ သဘောတူညီချက် အရ အလုပ်ရှင်ကဖြစ်စေ အလုပ်သမားကဖြစ်စေ မှတ်ပုံတင်နိုင်မည်ဖြစ်ပါကြောင်း၊ စက်မှုဒီဇိုင်း ပိုင်ရှင်များအနေဖြင့် မိမိတို့မှတ်ပုံတင်ထားသည့် စက်မှုဒီဇိုင်းကို စီးပွားရေးဆိုင်ရာအလို့ငှာ အခြားသူ တစ်ဦးဦးက ယင်း၏သဘောတူ ညီချက်မပါဘဲ ပြုလုပ်ခြင်း၊ ရောင်းချခြင်း သို့မဟုတ် ပြည်တွင်းသို့ တင်သွင်းခြင်းတို့ကို ကာကွယ်တားဆီးခွင့်ရရှိမည့်အကြောင်း သိကောင်းစရာများကို ဆွေးနွေးခဲ့ ကြကြောင်း သတင်းရရှိသည်။

မူပိုင်ခွင့်ဦးစီးဌာန၏ စကားဝိုင်းကို အောက်ပါလင့်တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။

https://youtu.be/geg48V0ZZSQ