ဂျူတီဆောင်တာထက် ဓာတ်မြေသြဇာ အနည်းငယ် ပိုမိုသယ်ဆောင်တဲ့အပြင် ဘီယာများ သိုဝှက်သယ်လာတဲ့ သွင်းကုန်ဂျူတီ ၁၂ ဘီးယာဉ်ဗုဒ္ဓဟူးနေ့ ၂၀ မတ်လ ၂၀၁၃ 10 း 30 AM

Tue, 05/14/2013 - 08:59 -- admin

တနင်္လာနေ့  ၂၀ မတ်လ  ၂၀၁၃ 11 း 03 AM

နောင်ချိုမြို့ Asia World Toll Gate အနီးမှာ ယာယီ အခြေပြု နေတဲ့ စားသုံးသူ အကာ အကွယ် ပေးရေး နဲ့ တရားမဝင် ကုန်သွယ်မှု တားဆီး ထိန်းချုပ်ရေး အဖွဲ့-၁ (Mobile Team -၁ ) ထံမှာ မတ်လ ၂ဝ ရက် သန်းခေါင်ယံ ဝဝး၃ဝ ချိန်မှာ ဝင်ရောက် စစ်ဆေးခံတဲ့ သွင်းကုန် ဂျူတီ ၁၂ ဘီးယာဉ် ၆ခ/XXXXX ပေါ်က ဂျူတီ ဆောင်ထားတဲ့ Urea Fertilizer (၄၆ %) ၁၄ တန်အစား ၁၅ တန် သယ်ဆောင် လာတဲ့ အပြင် အဆိုပါ ဓာတ်မြေသြဇာများ အောက်မှာ ဝှက်သယ်လာတဲ့ Hong Guang ဘီယာဖာ ၂၃ဝ ကိုလည်း စစ်ဆေး တွေ့ရှိ တားဆီးခဲ့ ရတယ်လို့ မူဆယ်-မန္တလေး ကုန်သွယ်မှု လမ်းကြောင်းမှာ တာဝန်ယူ ထားတဲ့ Mobile Team အဖွဲ့ (၁) ခေါင်းဆောင် ဦးစန်းလွင် ထံမှ သတင်းရရှိပါတယ်။

Mobile Team အဖွဲ့-၁ အနေနဲ့ မတ်လ ၁၄ ရက် နေ့မှာ အမှုတွဲ ၄၉ စောင်၊ ခန့်မှန်း တန်ဖိုး ကျပ် ၁၆၉ သန်း ကျော် (၁၆၉၂ဝ၁၂၅ဝိ/-) ဖိုးအား အကောက်ခွန် ဦးစီးဌာနသို့ လွဲှပြောင်း ထားခဲ့ကြောင်းနဲ့ ဖေဖော်ဝါရီလ ၁၄ ရက်မှ မတ်လ ၁၄ ရက်ထိ စစ်ဆေးရှာဖွေ တွေ့ရှိရတဲ့ ပစ္စည်း တန်ဖိုးကျပ် ၆ဝ၂ သန်းကျော် (၆ဝ၂၆၇၈၂ဝဝိ/-) ဖိုးရှိပြီလို့ အဖွဲ့ ခေါင်းဆောင်ရဲ့ ပြောကြားချက် အရ သိရှိရပါတယ်။

Source လရ-၁                                                                                                                        MTN