ကွင်းလမ်း ပတ်လမ်းများမှ သယ်ယူသလို ထုံးအိတ်များ အောက်က ဝှက်သယ်နေတဲ့ အိမ်သုံးလျှပ်စစ် ပစ္စည်းများ

Tue, 05/14/2013 - 07:43 -- admin

 ကြာသပတေးနေ့  ၁၄ မတ်လ  ၂၀၁၃ 12 း 15 PM

ဖေဖော်ဝါရီလ ၂၈ ရက်နေ့မှာ ဝေါကွင်း ပတ်လမ်းမှာ ကားတစ်စီးပေါ်မှ ကုန်ပစ္စည်း ထည့်ထားတဲ့ စက္ကူဂျပ် ပုံးများချနေတာ ကိုတွေ့ရှိ နေရတယ်လို့ သတင်းပေးလာတဲ့ အတွက် စစ်တောင်း တံတားဟောင်းနဲ့ အသစ်ဆုံရာ   လမ်းဆုံမှာ အခြေပြုနေတဲ့ ရွေ့ရှားလှုပ်ရှား စစ်ဆေးရေး အဖွဲ့မှ ထုတ်နုတ်အင်အားနဲ့ သွားရောက် စစ်ဆေးခဲ့ ပါတယ်။ ပိုင်ရှင်မဲ့ စုပုံထားတဲ့ အသုံးပြုပြီး (used) ရေခဲသေတ္တာ (တံခါး ၂ ပေါက်) ၂၇ လုံးနဲ့ အဝတ်လျှော်စက် (၂) လုံး ခန့်မှန်းတန်ဖိုး ကျပ် ၁၄ ဒသမ ၅ဝ သိန်းအား တွေ့ရှိခဲ့တဲ့ အတွက် အကောက်ခွန် လုပ်ထုံး လုပ်နည်းနဲ့ အညီ အမှုတွဲ ဖွင့်လှစ် သိမ်းဆည်းမှု ပြုလုပ်ရတယ်လို့ သိရှိရပါတယ်။  .........ဆက်လက်ဖတ်ရှုပါရန် ခေါင်းစဉ်ကိုနှိပ်ပါ

 

မတ်လ ၅ ရက်နေ့မှာလည်း ထုံးအိတ်များ သယ်ဆောင် လာတဲ့ယာဉ်၊ ယာဉ်အမှတ် ၉က/xxxxx ကို ရှာဖွေ စစ်ဆေးရာမှာ ကျပ် ၂ သိန်း တန်ဖိုးရှိ ရေခဲသေတ္တာ တံခါး နှစ်ပေါက် (used) (၁) လုံး၊ Water Cooler (used) (၂) လုံးနဲ့ 14” TV (used) (၃) လုံးကို ထုံးအိတ်များ အောက်မှာ ဝှက်သယ်ဆောင် လာတာကိုလည်း စစ်ဆေး တွေ့ ရှိခဲ့ရတဲ့ အတွက် အမှုတွဲဖွင့် အရေး ယူထား ခဲ့ရတယ်လို့ သတင်းရရှိပါတယ်။

Source: လရ-၂                                                                                  MTN