ကြက် အသဲအမြစ်နဲ့ ပုစွန်ဖော့ပုံးများ Mobile Team အဖွဲ့ (၂) မှ စစ်ဆေးတွေ့ရှိရပြန်

Tue, 05/14/2013 - 09:08 -- admin

တနင်္လာနေ့ ၂၀ မတ်လ  ၂၀၁၃ 11 း 15 AM

မြဝတီ-ရန်ကုန် ကုန်သွယ်မှု လမ်းကြောင်းပေါ်တွင် စားသုံးသူ အကာအကွယ်ပေးရေးနဲ့ တရားမဝင် ကုန်သွယ်မှု တားဆီးရေး တာဝန် ထမ်းဆောင် နေသော Mobile Team အဖွဲ့-၂ ဟာ မတ်လ ၁၉ ရက်နေ့ သန်းခေါင်ယံ အချိန် ဝဝး၂ဝ နာရီမှာ ကျိုက်ထိုဘက်မှ မောင်းနှင်လာတဲ့ ၆ ဘီးယာဉ် ၉က/ထထထထ အား စစ်ဆေးရာ မှာ တစ်ဖက် နိုင်ငံမှ တရားမဝင် တင်သွင်းလာတဲ့ ကြက်အသဲအမြစ် ၇၈၄ ကီလို ဂရမ်နဲ့ ပုစွန် ၃၈၅ ကီလို ဂရမ်အား စစ်ဆေး တွေ့ရှိ သိမ်းဆည်းမှု ပြုလုပ်ခဲ့ ရတယ်လို့ သတင်းရရှိပါတယ်။

........ဆက်လက်ဖတ်ရှုပါရန် ခေါင်းစဉ်ကိုနှိပ်ပါ

ပုပ်သိုး ပျက်စီးလွယ် ပစ္စည်းများ ဖြစ်တဲ့အတွက် ဝေါမြို့ စည်ပင် သာယာရေး ဦးစီးဌာန ကိုယ်စားလှယ် သတင်းနဲ့ စာနယ်ဇင်း အဖွဲ့ ကိုယ်စားလှယ်၊ Mobile Team အဖွဲ့ (၂) တို့ စည်းဝေး ညှိနှိုင်းပြီး ဖျက်ဆီး သွားမှာဖြစ် တယ်လို့ သိရပါတယ်။

ပြည်တွင်း ဈေးကွက် အတွင်း သားငါး ထွက်ကုန်များ တရားမဝင် တင်သွင်း ရောင်းချမှု ပြုလုပ်သည်ကို တွေ့ရှိက မွေးမြူရေးနဲ့ ကုသရေး ဦးစီး ဌာနကို သတင်းပေး အကြောင်းကြားရန်၊ ဒါမှမဟုတ်လျှင် သက်ဆိုင်ရာ         မြို့နယ်က မွေးမြူရေးနဲ့ ကုသရေး ဦးစီးဌာန ရုံးတွေက တစ်ဆင့်လည်း အကြောင်းကြား နိုင်တယ်လို့ မြန်မာနိုင်ငံ မွေးမြူရေး လုပ်ငန်း အဖွဲ့ခုျပ်ရဲ့ နှစ်ပတ်လည် အစည်းအဝေးမှာ တာဝန်ရှိသူ တစ်ဦးက ပြောကြား သွားခဲ့ပါတယ်။ တရားမဝင် တင်သွင်း လာတဲ့ စားသောက်ကုန်နဲ့ သားငါး ပစ္စည်းများမှာ သက်တမ်းကုန် ပစ္စည်းများ ပါဝင်တဲ့ အတွက် စားသုံး သူများကို အန္တရာယ် ဖြစ်စေသလို ပြည်တွင်း ထွက်ကုန် ဈေးကွက် ကိုလည်း ထိခိုက် လာစေ နိုင်တယ်လို့ မွေးမြူရေး လုပ်ငန်းရှင် တစ်ဦးထံက သိရပါတယ်။

ထိုသို့ တရားမဝင် တင်သွင်းမှုများကို Mobile Team အဖွဲ့များက ရှာဖွေ စစ်ဆေးနေသလို မွေးမြူရေးနဲ့ ကုသရေး ဦးစီးဌာနကလည်း ဆောင်ရွက်သွား မယ်လို့ သတင်းရရှိပါတယ်။

Source လရ-၁                                                                                                    MTN