ကုန်သွယ်ရေးဦးစီးဌာန Thursday Talk ဆွေးနွေးပွဲ

Mon, 05/15/2023 - 07:27 -- DotTrading

၂၀၂၃  ခုနှစ်၊ မေလ (၁၁)ရက်နေ့ Thursday Talk ဆွေးနွေးပွဲ

၁။          စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာန၊ရုံးအမှတ်(၃)၊ညီလာခံခန်းမ၌ Thursday Talk ဆွေးနွေးပွဲကို ၂၀၂၃  ခုနှစ်၊ မေလ (၁၁)ရက်နေ့ နံနက် (၁၀:၀၀) နာရီမှ (၁၁:၃၀) နာရီ အချိန်ထိ ကျင်းပပြုလုပ်ခဲ့ပါသည်။

၂။          Thursday Talk ဆွေးနွေးပွဲတွင် ကုန်သွယ်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးညီညီအောင် က “ကမ္ဘာလုံးဆိုင်ရာ ကုန်သွယ်မှုအလားအလာ နှင့် စာရင်းအင်းများဆိုင်ရာ အစီရင်ခံစာ (Global Trade Outlook and Statistics) အပေါ် အကျဉ်းချုပ် ခြုံငုံလေ့လာသုံးသပ်ချက်” ခေါင်းစဉ်ဖြင့် ဆွေးနွေး တင်ပြခဲ့ပါသည်။

၃။          ဆက်လက်၍ စားသုံးသူရေးရာဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးမြင့်ချို မှ ဖြည့်စွက် ဆွေးနွေးခဲ့ပြီး ကုန်သွယ်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးမြင့်သူရ  မှ နိဂုံးချုပ် အမှာစကား ပြောကြားခဲ့ပါသည်။

၄။          ထို့နောက် ကုန်သွယ်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် မှ Thursday Talk  ဆွေးနွေးပွဲတွင် ဆွေးနွေးပြောကြားခဲ့သော ညွှန်ကြားရေးမှူး ဦးညီညီအောင် အား အမှတ်တရ လက်ဆောင် ပေးအပ်ခဲ့ပါသည်။

၅။          အဆိုပါ Thursday Talk ဆွေးနွေးပွဲသို့ ကုန်သွယ်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့်  ဒုတိယညွှန်ကြားရေးမှူးချုပ်၊ စားသုံးသူရေးရာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် နှင့်  ဒုတိယညွှန်ကြားရေးမှူးချုပ်၊ မူပိုင်ခွင့်ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် အရာထမ်း၊ အမှုထမ်း စုစုပေါင်း (၂၀၆)ဦးတို့ တက်ရောက်ခဲ့ပါသည်။