ကုန်သွယ်ရေးဦးစီးဌာန ဝန်ထမ်းများစွမ်းဆောင်ရည်မြှင့်တင်ရေးဆိုင်ရာသင်တန်း (၄) ခုအတွက် သင်တန်းဆင်းပွဲအခမ်းအနားကျင်းပပြုလုပ်ခဲ့သည့်သတင်း

Wed, 04/05/2023 - 09:52 -- DotTrading

ကုန်သွယ်ရေးဦးစီးဌာန ဝန်ထမ်းများစွမ်းဆောင်ရည်မြှင့်တင်ရေးဆိုင်ရာသင်တန်း (၄) ခုအတွက်

သင်တန်းဆင်းပွဲအခမ်းအနားကျင်းပပြုလုပ်ခဲ့သည့်သတင်း

၁။       စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်ရေးဉီးစီးဌာနသည် ဝန်ထမ်းများစွမ်းဆောင်ရည်မြှင့်တင်ရေးဆိုင်ရာ သင်တန်း (၄) ခုအတွက် သင်တန်းဆင်းပွဲအခမ်းအနားကို၂၀၂၃ ခုနှစ်၊ မတ်လ ၂၈ ရက်နေ့ နံနက် (၁၀:၃၅) နာရီအချိန်တွင် အောင်မြင်စွာကျင်းပခဲ့ပါသည်။

၂။       အဆိုပါ သင်တန်းဆင်းပွဲအခမ်းအနားသို့ ကုန်သွယ်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဉီးမြင့်သူရနှင့်အတူစားသုံးသူရေးရာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်ဉီးမြင့်ချို၊ မြန်မာကုန်သွယ်မှုမြှင့်တင်ရေး အဖွဲ့ ညွှန်ကြားရေးမှူးချုပ် ဒေါ်နော်မူတာက‌ပေါ် အပါအဝင် ကုန်သွယ်ရေးဉီးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ၊ နည်းပြ ဆရာ /ဆရာမများ၊ သင်တန်းသား /သင်တန်းသူများ ၊ စုစုပေါင်း (၁၈၀) တက်ရောက်ခဲ့ပါသည်။

၃။       သင်တန်းဆင်း အဖွင့်အမှာစကားကို ကုန်သွယ်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမြင့်သူရ မှ ပြောကြားခဲ့ပြီးနောက် ညွှန်ကြားရေးမှူးချုပ်နှင့် ဒုတိယညွှန်ကြားရေးမှူးချုပ်တို့မှ သင်တန်းထူးချွန် များနှင့် သင်တန်းဆင်း အောင်လက်မှတ်များကို ပေးအပ်ချီးမြှင့်ခဲ့ပါသည်။

၄။       သင်တန်းဆင်းပွဲ ကျင်းပခဲ့သောသင်တန်း (၄) ခုအနက် သင်တန်း (၂) ခုမှာ ကုန်သွယ်ရေးဦးစီးဌာနရှိ ဌာနတွင်း အရာထမ်းများအတွက် ရည်ရွယ်ဖွင့်လှစ်ပေးသော “အင်္ဂလိပ်ဘာသာစကားကျွမ်း ကျင်မှု အခြေခံသင်တန်း” နှင့်  အမှုထမ်းများအတွက် ဖွင့်လှစ်သော  “အင်္ဂလိပ်ဘာသာစကားကျွမ်းကျင်မှု အခြေခံသင်တန်း” သင်တန်း တို့ဖြစ်ပါသည်။ ကျန်သင်တန်း (၂) ခုမှာ  ပို့ကုန်သွင်းကုန်လုပ်ထုံး လုပ်နည်းသင်တန်း အမှတ်စဉ် (၂/၂၀၂၂) နှင့်  ပို့ကုန်သွင်းကုန်လုပ်ထုံးလုပ်နည်း သင်တန်းအမှတ်စဉ် (၁/၂၀၂၃) တို့ဖြစ်ပါကြောင်း သတင်းရရှိပါသည်။