ကုန်သွယ်မှုလုပ်ထုံးလုပ်နည်းဆိုင်ရာ အနီးကပ်ပညာပေးရက်တို သင်တန်း (၁/၂၀၂၄)နှင့် ကုန်သွယ်မှုနှင့်ဆက်စပ်နေသည့် စနစ်များအတွက် ကွန်ပျူတာအသုံးပြုမှု အဆင့်မြင့်သင်တန်း အမှတ်စဉ် (၁/၂၀၂၄) ဖွင့်လှစ်ခဲ့သည့် သတင်း

Mon, 06/24/2024 - 11:15 -- DotTrading

ကုန်သွယ်မှုလုပ်ထုံးလုပ်နည်းဆိုင်ရာ အနီးကပ်ပညာပေးရက်တို သင်တန်း (၁/၂၀၂၄)နှင့် ကုန်သွယ်မှုနှင့်ဆက်စပ်နေသည့် စနစ်များအတွက် ကွန်ပျူတာအသုံးပြုမှု အဆင့်မြင့်သင်တန်း အမှတ်စဉ် (၁/၂၀၂၄) ဖွင့်လှစ်ခဲ့သည့် သတင်း

၁။         ၂၀၂၄ ခုနှစ်၊ ဇူလိုင်လမှစတင်၍ ကုန်သွယ်ရေးစခန်းများတွင် သွားရောက်တာဝန်ထမ်းဆောင် မည့် ကုန်သွယ်ရေးဦးစီးဌာနမှ အရာထမ်း၊ အမှုထမ်းများအတွက် ကုန်သွယ်မှုလုပ်ထုံးလုပ်နည်းဆိုင်ရာ အနီးကပ်ပညာပေးရက်တိုသင်တန်းအမှတ်စဉ် (၁/၂၀၂၄) နှင့်ကုန်သွယ်မှုနှင့်ဆက်စပ်နေသည့် ကွန်ပျူတာ အသုံးပြုမှုအဆင့်မြင့်သင်တန်းအမှတ်စဉ် (၁/၂၀၂၄) တို့ကို ၂၀၂၄ ခုနှစ်၊ ဇွန်လ (၁၄) ရက်နေ့မှ (၂၁) ရက်နေ့ထိ ဖွင့်လှစ်ခဲ့ပါသည်။

၂။     အဆိုပါသင်တန်းကို နယ်စပ်ကုန်သွယ်ရေးစခန်းများ၌ သွားရောက်တာဝန်ထမ်းဆောင်မည့် ဝန်ထမ်းများအနေဖြင့် ကုန်သွယ်မှုလုပ်ထုံးလုပ်နည်းများအား ကောင်းမွန်စွာသိရှိနားလည်ပြီး နေ့စဉ် လုပ်ငန်းများ အဆင်ပြေချောမွေ့စွာ ဆောင်ရွက်နိုင်စေရန်၊ ကုန်သွယ်မှုနှင့် ဆက်စပ်သည့်စနစ်များ အသုံးပြု၍ ကုန်သွယ်မှုစာရင်းဇယားများဆောင်ရွက်ရာတွင် လျင်မြန်ချောမွေ့စွာ ဆောင်ရွက်နိုင်စေရန်၊ BTOS စနစ်အပါအဝင် ကုန်သွယ်မှုနှင့်ဆက်စပ်နေသည့်စနစ်များအား ကျွမ်းကျင်စွာအသုံးပြုနိုင်ရန်နှင့် ကုန်သည်လုပ်ငန်းရှင်များအပေါ် အကောင်းဆုံးဝန်ဆောင်မှုပေးနိုင်ရန် ရည်ရွယ်၍ ဖွင့်လှစ်ရခြင်းဖြစ်ပါ သည်။

၃။      ကုန်သွယ်မှုလုပ်ထုံးလုပ်နည်းဆိုင်ရာအနီးကပ်ပညာပေးရက်တို သင်တန်းအမှတ်စဉ် (၁/ ၂၀၂၄) ကို သင်တန်းသား (၆၉) ဦး၊ လေ့လာသူ (၁၃) ဦး၊ စုစုပေါင်း (၈၂) ဦးနှင့် ကုန်သွယ်မှုနှင့်ဆက်စပ်နေသည့် ကွန်ပျူတာအသုံးပြုမှုအဆင့်မြင့် သင်တန်းအမှတ်စဉ် (၁/၂၀၂၄) ကို သင်တန်းသား (၁၁) ဦးတို့တက် ရောက်ခဲ့ပါသည်။