ကုန်သွယ်မှုလုပ်ထုံးလုပ်နည်းဆိုင်ရာ အနီးကပ်ပညာပေးရက်တိုသင်တန်း အမှတ်စဉ် (၂/၂၀၂၃) နှင့် ကုန်သွယ်မှုနှင့်ဆက်စပ်သည့် စနစ်များအတွက် ကွန်ပျုတာအသုံးပြုမှု အဆင့်မြင့်သင်တန်းအမှတ်စဉ် (၂/၂၀၂၃)

Thu, 12/21/2023 - 03:58 -- DotTrading

ကုန်သွယ်မှုလုပ်ထုံးလုပ်နည်းဆိုင်ရာ အနီးကပ်ပညာပေးရက်တိုသင်တန်း အမှတ်စဉ် (၂/၂၀၂၃) နှင့် ကုန်သွယ်မှုနှင့်ဆက်စပ်သည့် စနစ်များအတွက် ကွန်ပျုတာအသုံးပြုမှု အဆင့်မြင့်သင်တန်းအမှတ်စဉ် (၂/၂၀၂၃)

၁။         ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလမှ စတင်၍ ကုန်သွယ်ရေးစခန်းများတွင် သွားရောက်တာဝန် ထမ်းဆောင်မည့် ကုန်သွယ်ရေးဦးစီးဌာနမှ အရာထမ်း၊ အမှုထမ်းများအတွက် ကုန်သွယ်မှုလုပ်ထုံး လုပ်နည်းဆိုင်ရာ အနီးကပ်ပညာပေးရက်တိုသင်တန်းအမှတ်စဉ်(၂/၂၀၂၃)နှင့် ကုန်သွယ်မှုနှင့်ဆက်စပ် နေသည့် စနစ်များအတွက် ကွန်ပျုတာအသုံးပြုမှုအဆင့်မြင့်သင်တန်း အမှတ်စဉ် (၂/၂၀၂၃) တို့ကို ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ (၁၈) ရက်နေ့တွင် ဖွင့်လှစ်ခဲ့ပါသည်။

၂။         အဆိုပါသင်တန်းကိုနယ်စပ်ကုန်သွယ်ရေးစခန်းများ၌ သွားရောက်တာဝန်ထမ်းဆောင်မည့် ဝန်ထမ်းများအနေဖြင့် ကုန်သွယ်မှုလုပ်ထုံးလုပ်နည်းများအား ကောင်းမွန်စွာသိရှိနားလည်ပြီး နေ့စဉ် လုပ်ငန်းများအဆင်ပြေချောမွေ့စွာ ဆောင်ရွက်နိုင်စေရန်၊ ကုန်သွယ်မှုနှင့်ဆက်စပ်နေသည့် စနစ် များအသုံးအပြု၍ ကုန်သွယ်မှုစာရင်းဇယားများ ဆောင်ရွက်ရာတွင်လျင်မြန်ချောမွေ့စွာ ဆောင်ရွက် နိုင်စေရန်၊ BTOS စနစ်အပါအဝင် ကုန်သွယ်မှုနှင့်ဆက်စပ်နေသည့်စနစ်များအား ကျွမ်းကျင်စွာ အသုံးပြုနိုင်ရန်နှင့် ကုန်သည်လုပ်ငန်းရှင်များအပေါ်  အကောင်းဆုံးဝန်ဆောင်မှုပေးနိုင်ရန်    ရည်ရွယ် ၍ဖွင့်လှစ်ရခြင်းဖြစ်ပါသည်။

၃။         ၂၀၂၃ခုနှစ်၊ ဒီဇင်ဘာလ(၁၈) ရက်နေ့မှ (၂၇) ရက်နေ့အထိ ရုံးဖွင့်ရက်များတွင် ကုန်သွယ်မှု လုပ်ထုံးလုပ်နည်းဆိုင်ရာ အနီးကပ်ပညာပေးရက်တိုသင်တန်း အမှတ်စဉ် (၂/၂၀၂၃) တွင်သင်တန်း သား(၁၂၅)ဦး၊ ကုန်သွယ်မှုနှင့်ဆက်စပ်နေသည့် စနစ်များအတွက် ကွန်ပျုတာအသုံးပြုမှု အဆင့်မြင့် သင်တန်းအမှတ်စဉ် (၂/၂၀၂၃) တွင် သင်တန်းသား (၃၄) ဦး၊ စုစုပေါင်း (၁၅၉)ဦးတို့ တက်ရောက် ခဲ့ပါသည်။