ကုန်သွယ်မှုတိုးတက်နေတဲ့ မောတောင်

Wed, 01/07/2015 - 12:53 -- dccaadmin

 

မြန်မာ-ထိုင်းနယ်စပ် မှာရှိတဲ့ မောတောင်စခန်းဟာ ဒီဇင်ဘာလအတွင်း ပို့ကုန်ကန်ဒေါ်လာ သုည ဒသမ ဝ၀၂ သန်း၊ သွင်းကုန်ကန်ဒေါ်လာ သုည ဒသမ ဝ၁၇ သန်းဆောင်ရွက်နိုင်သဖြင့် ကုန်သွယ် မှုပမာဏ ကန်ဒေါ်လာ သုည ဒသမ ဝ၁၉ သန်း ရရှိခဲ့ပါတယ်။အနီးစပ်ဆုံးကာလနဲ့ နှိုင်းယှဉ်ပါက ပို့ကုန်ကန်ဒေါ်လာ သုည ဒသမ ဝ၀၂ သန်း၊ သွင်းကုန်ကန်ဒေါ်လာ သုည ဒသမ ဝ၁၁ သန်း ပိုမိုသဖြင့် ကုန်သွယ်မှုပမာဏ ကန်ဒေါ်လာ သုည ဒသမ ဝ၁၃ သန်း ပိုမိုဆောင် ရွက်နိုင်ခဲ့ ပါတယ်။ မောတောင် နယ်စပ်ကုန်သွယ်ရေးအနေနဲ့ ဒီဇင်ဘာလအတွင်း ရေငန်ငါး၂ တန် တင်ပို့ခဲ့ပြီး သွင်းကုန်အနေနဲ့ ဒီဇယ် ၁၂ တန်၊ ဘိလပ်မြေ တန် ၆၀ ၊ လိမ္မော်သီး ၁ တန်ကျော် တင်သွင်းနိုင်ခဲ့ပါတယ်။

                                                                                     

ခင်မြနွယ် MIRT (DCCA)