တာချီလိတ်ကုန်သွယ်ရေးစခန်းမှ ပို့ကုန်သွင်းကုန် ကုန်သွယ်မှုအခြေအနေ

Fri, 06/28/2024 - 04:56 -- bordertrade

    တာချီလိတ်ကုန်သွယ်ရေးစခန်းအနေဖြင့် ထိုင်းနိုင်ငံ ၊ တရုတ်နိုင်ငံများနှင့် ကုန်သွယ်မှုလုပ်ငန်း များ ဆောင်ရွက်လျက်ရှိရာ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ် (ဧပြီလမှ ဇွန်လ ၂၄ ရက်နေ့ထိ) ပို့ကုန်ကန်ဒေါ်လာ (၄၆.၂၈၇) သန်း၊ သွင်းကုန် ကန်ဒေါ်လာ (၂၆.၅၅၉) သန်း၊ ကုန်သွယ်မှုပမာဏ ကန်ဒေါ်လာ(၇၂.၈၄၆)သန်း ဆောင်ရွက်နိုင်ခဲ့ပါသည်။ (၂၄-၆-၂၀၂၄) ရက်တွင် ပို့ကုန်တင်ပို့မှုအနေဖြင့် ပြောင်း (၅,၃၅၆.၁၁၆) တန်၊ တန်ဖိုး (၁.၃၁၇) ဒေါ်လာသန်း၊ ကြက်သွန်ဖြူ (၂၅.၀၀၀) တန်၊ တန်ဖိုး (၀.၀၅၅) ဒေါ်လာသန်း၊ ကြက်သွန်နီ (၂၇၈.၇၀၀)တန်၊ တန်ဖိုး (၀.၁၄၀) ဒေါ်လာသန်း၊ ငရုတ်သီးခြောက် (၅၃.၇၀၀) တန်၊ (၀.၀၉၉) ဒေါ်လာသန်း၊ ပုစွန်ဖွဲ (၁၀၀.၈၀၀) တန်၊ တန်ဖိုး (၀.၀၄၈) ဒေါ်လာသန်း၊ COPPER-6.45% (၉၂.၀၀၀) တန်၊ တန်ဖိုး (၀.၀၂၂) ဒေါ်လာသန်း၊ MANGANESE DIOXIDE  Mn - 19.56 %  (၁၉၀.၀၀၀) တန်၊ တန်ဖိုး (၀.၀၁၇) ဒေါ်လာသန်းနှင့် စက္ကူဖြတ်စ (၃၀.၀၀၀)တန်၊ တန်ဖိုး (၀.၀၀၃)ဒေါ်လာသန်း၊ စုစုပေါင်း (၁.၇၀၁)ဒေါ်လာသန်း တင်ပို့နိုင်ခဲ့ပါ သည်။ ထိုင်းနိုင်ငံသုံး ဘတ်ငွေလဲနှုန်းအနေဖြင့် (၂၄-၆-၂၀၂၄) ရက်နေ့တွင် ကျပ်(၁)သိန်းလျှင် (၈၀၀.၀၀၀) ဘတ် ဖြစ်ပေါ်ခဲ့ပါသည်။

    တာချီလိတ်ကုန်သွယ်ရေးစခန်းမှ စက်သုံးဆီ၊ ဘိလပ်မြေနှင့် ဆောက်လုပ်ရေးသုံးပစ္စည်းများ အဓိက တင်သွင်းလျက်ရှိပြီး (၂၄-၆-၂၀၂၄) ရက်တွင် ဓာတ်ဆီ (၀.၀၆၁) ဒေါ်လာသန်း၊ ဒီဇယ်ဆီ (၀.၀၂၉) ဒေါ်လာသန်း၊ ဘိလပ်မြေ (၀.၀၅၇) ဒေါ်လာသန်း၊ MOBILE PHONE, BRAND:SAMSUNG (၀.၂၅၂) ဒေါ်လာသန်း၊ ဆောက်လုပ်ရေးပစ္စည်း (၀.၀၆၉) ဒေါ်လာသန်းနှင့် အခြားပစ္စည်း (၀.၀၉၁) ဒေါ်လာသန်း  အပါအဝင် (၀.၅၅၉) ဒေါ်လာသန်း တင်သွင်းခဲ့ပါ သည်။

Border Trade News

Pages