အောက်တိုဘာ (၇) ရက်နေ့က တစ်ရက်အတွင်း ကားပါမစ်လျှောက်ထားမှု စောင်ရေ ၄၀၀ ကျော်ခဲ့

Tue, 10/11/2011 - 07:34 -- Anonymous (not verified)

နေပြည်တော် ၊ အောက်တိုဘာလ ၁၁ ရက်

နေပြည်တော်ရှိ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနတွင် သက်တမ်းလွန်ကားများ အပ်နှံပြီး ကားသစ်တင်သွင်းရန် သွင်းကုန်ပါမစ် ထုတ်ပေးခြင်းကို စက်တင်ဘာလ (၁၉) ရက်နေ့မှစ၍ ဆောင်ရွက်ပေးခဲ့ရာ အောက်တိုဘာလ (၁၀) ရက်နေ့အထိ ကာလအတွင်း စုစုပေါင်း  ကား တင်သွင်းရန် ပါမစ် (၂၄၁၃) စောင် ထုတ်ပေးခဲ့ပြီးကြောင်း သတင်းရရှိသည်။ တစ်နေ့ထက် တစ်နေ့ ကားပါမစ်လျှောက်ထားမှု မြင့်မား လာကြောင်း၊ မည်မျှပင် လျှောက်ထားမှုစောင်ရေ များသည့်တိုင် ပါမစ်ထုတ်ပေးမှုကိုလည်း နေ့ချင်းပြီး ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း ၊ ယင်း ကာလ အတွင်း အောက်တိုဘာလ (၇) ရက်နေ့က ထုတ်ပေးခဲ့သည့် ကားပါမစ်စောင်ရေမှာ တစ်ရက်အတွင်း (၄၃၂) စောင်ဖြစ်၍ ကားပါမစ် လျှောက်ထားမှု အမြင့်ဆုံးနေ့အဖြစ် လောလောဆယ်စံချိန်တင်နေကြောင်း သတင်းရရှိသည်။ လိုင်စင်လျှောက်ထားမှု အများဆုံး အမျိုးအစားမှာ Toyota Brand Saloon ဖြစ်ကြောင်းနှင့် ဒုတိယနေရာရရှိထားသည့် အမျိုးအစားမှာ Toyota Brand Wagon ဖြစ်ကြောင်း သိရသည်။