အဆင့်မြင့်ကုန်ကြမ်းပစ္စည်း ထုတ်လုပ်မှုလုပ်ငန်းများအတွက် တရုတ်နိုင်ငံက ရင်းနှီးမြှုပ်နှံမှုမြှင့်တင်

Mon, 09/12/2011 - 09:07 -- Anonymous (not verified)

တရုတ်နိုင်ငံရဲ့ အဆင့်ကုန်ကြမ်းပစ္စည်းများ ထုတ်လုပ်ရေးလုပ်ငန်းရဲ့ နှစ်စဉ်ထုတ်လုပ်မှုကို ၂၀၁၅ ခုနှစ်မှာ ယွမ် ၂ ထရီလီယံ (ဒေါ်လာ ၃၁၃ ဘီလီယံ)ဖို့အထိ ထုတ်လုပ်နိုင်အောင် တရုတ်နိုင်ငံက ရင်းနှီးမြှုပ်နှံမှုကို တိုးမြှင့် သွားမဲ့အပြင် အခွန်ဆွဲဆောင်မှု များကိုလည်း ပေးသွားမှာဖြစ်ကြောင်း စက်မှုနဲ့ သတင်းအချက်အလက်နည်းပညာ ဝန်ကြီးဌာန (MIIT) မှ အရာရှိ တစ်ဦး က ပြောပါတယ်။ ဒီရည်မှန်းချက်က တရုတ်နိုင်ငံ ၂၀၁၀ ပြည့် စုစုပေါင်းပြည် တွင်းထုတ်လုပ်မှုရဲ့ ၅ ရာခိုင်နှုန်း ရှိပါတယ်။