အင်ဒိုနီးရှား၏ စတီးထုတ်ကုန်များအပေါ်တွင် အကောက်ခွန်ကောက်ခံမည် မဟုတ်သည့် မလေးရှား

Fri, 09/09/2011 - 09:07 -- Anonymous (not verified)

အင်ဒိုနီးရှားကတင်သွင်းတဲ့ စတီးထုတ်ကုန်တွေက မလေးရှားထုတ်လုပ်သူတွေကို အပြင်းအထန် ထိခိုက်နစ်နာကြောင်း မတွေ့ရှိ ရတဲ့အတွက် မလေးရှားက အင်ဒိုနီးရှားစတီးထုတ်ကုန်တွေအပေါ်မှာ အကာ အကွယ်ပေးတဲ့ သွင်းကုန်ခွန်ကိုကောက်ခံတော့မှာ မဟုတ်ကြောင်း အင်ဒိုနီးရှားအရာရှိက ပြောကြားလိုက်ပါတယ်။
မလေးရှားနိုင်ငံ အပြည်ပြည်ဆိုင်ရာကုန်သွယ်ရေးနဲ့ စက်မှုဝန်ကြီးဌာန Ministry of International Trade and Industry (MITI) က သြဂုတ်လ ၂၂ ရက်နေ့မှာ အင်ဒိုနီးရှားက တင်သွင်းတဲ့  hot-rolled coil (HRC) steel ကို စုံစမ်းစစ်ဆေးမှုတွေ ပြီးစီးကြောင်း ကြေညာခဲ့တယ်။
မလေးရှားအနေနဲ့ အင်ဒိုနီးရှားမှ စတီးထုတ်ကုန်တွေအပေါ် စုံစမ်းစစ်ဆေးမှုတွေပြီးစီးပြီးနောက်မှာ မလေးရှားအနေနဲ့ ပိုမိုကောင်း မွန်တဲ့ ပို့ကုန်ဈေးကွက်ဝေစုကိုရရှိနိုင်မှာဖြစ်ကြောင်း မလေးရှား MITIကုန်သွယ် ရေးညွှန်ကြားရေးမှူး Ernawati  ကပြောကြား လိုက်ပါတယ်။