အင်ဒိုနီးရှားနိုင်ငံရဲ့အာဖရိကဈေးကွက်ပို့ကုန်မြှင့်တင်မည်

Tue, 10/04/2011 - 04:02 -- Anonymous (not verified)

အင်ဒိုနီးရှားအနေနဲ့ အာဖရိကနိုင်ငံတွေကို တင်ပို့မှုပမာဏက လာမဲ့သုံးနှစ်အတွင်း ၁၀၀ ရာခိုင်နှုန်း အထိ တိုးတက်မှုရှိလာနိုင်မယ်လို့ အင်ဒိုနီးရှား ကုန်သွယ်ရေးဝန်ကြီး Marie Elka Pangestu က စက်တင်ဘာလ ၂၆ ရက်နေ့မှာ ပြောကြားခဲ့တယ်။ ယခင်နှစ်က အာဖရိကနိုင်ငံတွေကို တင်ပို့မှုမှ ဝင်ငွေကန်ဒေါ်လာ ၃ ဒသမ ၅ ဘီလီယံရရှိခဲ့ပြီး ၎င်းရှေ့နှစ်ကထက် ၃၀ ရာခိုင်နှုန်း ပိုမိုခဲ့ကြောင်း ၊ လက်ရှိနှစ်မှာလည်း ကန်ဒေါ်လာ ၄ ဒသမ ၅ ဘီလီယံထိ ရရှိတင်ပို့နိုင်ခဲ့ကြောင်း