စက်သုံးဆီလိုင်စင်လျှောက်ထားရာတွင် ပါဝင်ရမည့်အချက်များ

Wed, 04/24/2013 - 05:14 -- admin

စက်သုံးဆီလိုင်စင်လျှောက်ထားရာတွင် အောက်ပါအချက်များ ပါဝင်ရမည်-

(က) ကုမ္ပဏီများအနေဖြင့် မိမိတင်သွင်းလိုသည့် စက်သုံးဆီပမာဏအား အရေအတွက် ကန့်သတ်ချက် မရှိလျှောက်ထား နိုင်သည်။

( ခ ) စွမ်းအင်ဝန်ကြီးဌာနမှ သတ်မှတ်ထားသည့် ဈေးနှုန်းနှင့် Specification များအတိုင်း လျှောက်ထားရမည်။

( ဂ ) ဒုတိယအကြိမ်လိုင်စင်လျှောက်ထားပါက ပထမအကြိမ်အတွက်အကောက်ခွန်ဦးစီးဌာနတွင် အခွန်ပေး သွင်းပြီးကြောင်း နှင့် ဘဏ်မှငွေလွှဲ ပို့ပေးချေပြီးကြောင်း အ ထောက်အထားတင်ပြ ရမည်။

(ဃ) အကြိမ်ကြိမ်လျှောက်ထားမှု၌ ရှေ့နောက်ဆင့်ကဲဆက်တိုက် လျှောက်ထားနိုင် သော်လည်း အကောက်ခွန်ဦးစီးဌာနတွင် အခွန်ပေး သွင်းပြီးကြောင်း နှင့်ဘဏ်မှ ငွေလွဲှ ပို့ပေးချေပြီး ကြောင်း အထောက်အထားတင်ပြမှသာလျှင် နောက်တစ်ကြိမ်တင်သွင်းမှုအတွက် လိုင်စင် ခွင့်ပြုမည်ဖြစ်ပါသည်။