သန့်ရှင်းတဲ့စွမ်းအင်တင်ပို့မှုကိုဂျပန်နိုင်ငံကအာရုံစိုက်လာ

Fri, 09/09/2011 - 09:20 -- Anonymous (not verified)

နျူကလီးယား အကျပ်အတည်းဖြစ်ပြီးနောက်ပိုင်းမှာ ဂျပန်နိုင်ငံကသန့်ရှင်းတဲ့ စွမ်းအင်သစ်ဖွံ့ဖြိုးတိုးတက် ရေးကို တိုးမြှင့်ဆောင်ရွက် သွားမယ်လို့ နိုင်ငံခြားဝန်ကြီးသစ် ကိုအိချီရို ဂင်ဘာကစက်တင်ဘာ ၅ ရက်ကပြောပါတယ်။
''ယခုချိန်ကစပြီး သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းတဲ့ နည်းပညာကို ဆောင်ရွက်သွားပါမယ်'' လို့ဂင်ဘာ ကပြောပါတယ်။ သူပြောဆိုချက်အရ ယခင်ကဂျပန်နိုင်ငံရဲ့ ပို့ကုန်တစ်ခုဖြစ်တဲ့ နျူကလီးယား စွမ်းအင်ကနေပြောင်း လဲတော့မယ့် လက္ခဏာ ကို ပြသနေပါတယ်။အသစ်ဆောင်ရွက်မဲ့လုပ်ငန်းတွေထဲမှာ ခေတ်မီတဲ့နေစွမ်းအင် ဘက်ထရီတွေထုတ်လုပ်ဖို့ ပါဝင်ပြီး နောင်အနာဂတ်မှာ နျူကလီးယားဓါတ်ပေါင်းဖိုတွေနေရာမှာ အစားထိုးသွားနိုင်မှာဖြစ်တယ်။