သကြားဈေးနှုန်း ထပ်မံမြင့်တက်နိုင်

Tue, 09/20/2011 - 03:44 -- Anonymous (not verified)

ဥရောပနဲ့ ထိုင်းနိုင်ငံရဲ့ သကြားထွက်ရှိမှုက တိုးတက်ဖွယ်ရှိတဲ့တိုင် ဘရာဇီးနိုင်ငံအထွက်လျော့ကျခြင်းကြောင့် သကြားဈေး ထပ်မံမြင့် တက်ဖွယ်ရှိတယ်လို့ ကမ္ဘာ့သကြားထုတ်လုပ်ပိုလျှံမှုခန့်မှန်းသူ Czarmikow ကပြောကြား ပါတယ်။ ဥရောပမှာ သီးနှံအခြေအနေ ကောင်းမွန်နေတာကြောင့် ၂၀၁၁-၁၂ မှာ တန်ချိန် ၁၇ ဒသမ ၉ သန်းအထိ တန်ချိန် ၅ သိန်း ပိုထွက်မယ့်အပြင် ရုရှားနိုင်ငံကလည်း တန်ချိန် ၇ သိန်း ပိုမိုမယ်လို့ သကြားကုန်သည်များက ခန့်မှန်းထားပါတယ်။