မော်ဒယ် ကန့်သတ်ချက်မရှိဘဲ တင်သွင်းခွင့်ပြုရာတွင်အင်ဂျင်ပါဝါ ၁၃၀၀ စီစီ အပြင် ၁၃၅၀ စီစီ အောက်ယာဉ်များကိုပါ တင်သွင်းခွင့်ပြုခဲ့

Wed, 11/16/2011 - 09:29 -- Anonymous (not verified)

နေပြည်တော် ၊ နိုဝင်ဘာလ ၁၆ရက်

နေပြည်တော်ရှိ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနတွင် ကားဟောင်းအပ်၍ ကားသစ် တင်သွင်းရန် သွင်းကုန်ပါမစ်ထုတ်ပေးခြင်းကို စက်တင်ဘာလ (၁၉) ရက်နေ့မှစ၍ ဆောင်ရွက်ပေးခဲ့ရာ နိုဝင်ဘာလ (၁၅) ရက်နေ့အထိကာလအတွင်း စုစုပေါင်းကားတင်သွင်းရန် ပါမစ် (၈၇၇၈) စောင် ထုတ်ပေးခဲ့ပြီးကြောင်း သတင်းရရှိသည်။

၎င်းအပြင်ကားတင်သွင်း သူများအနေဖြင့် စက်စွမ်းအား အင်ဂျင်ပါဝါ (၁၃၀၀) စီစီ အောက်ရှိ ကားများကို တင်သွင်းမည်ဆိုပါက သက်ဆိုင်ရာ ဝန်ကြီးဌာနမှ သတ်မှတ် ထားသော CIF တန်ဖိုးနဲ့ ကိုက်ညီမှု ရှိလျှင် မော်ဒယ်ကန့်သတ်ချက်မရှိဘဲ အောက်တိုဘာလ (၂၇) ရက်နေ့မှ စတင်ကာ တင်သွင်းခွင့်ပါမစ်များ လျှောက်ထားခွင့်ပြုခဲ့ပြီးနောက်ပိုင်း အောက်တိုဘာလ (၃၁) ရက်နေ့စတင်၍ အင်ဂျင်ပါဝါ (၁၃၀၀ စီစီ) အောက်ယာဉ်များ တင်သွင်းရန်ပါမစ်များလာရောက်လျှောက်ထားခဲ့ကြောင်း၊ နိုဝင်ဘာလ (၁၅ ) ရက်နေ့အထိ စီးရေ (၃၃) စီးကို ပါမစ်ထုတ် ပေးခဲ့ပြီးဖြစ်ကြောင်း သိရှိရပါသည်။ နောက်ပိုင်းတွင် အင်ဂျင်ပါဝါ (၁၃၅၀) စီစီ အောက်မော်တော်ယာဉ်များကိုပါ မော်ဒယ် ကန့်သတ်ချက်မရှိဘဲ တင်သွင်းခွင့်ပြုခဲ့ရာနိုဝင်ဘာလ (၁၄ ) ရက်နှင့် (၁၅) ရက်နေ့အတွင်းပါမစ် (၁၁) စောင်ထုတ်ပေးခဲ့ပြီးကြောင်း ၊လျှောက်ထားလာ သည့်ကား အမျိုးအစားများမှာ saloon ၊ wagon ၊hatchback ၊Van တို့ဖြစ်ကြပြီး Honda ၊Toyota ၊mazda၊ Suzuki Brand များကိုလျှောက်ထားမှုများကြောင်းသတင်းရရှိသည်။