ဘေးအန္တရာယ်အကင်းဆုံးလေကြောင်းလိုင်း ၁၀ ခုကို ထုတ်ပြန်

Mon, 09/05/2011 - 05:03 -- Anonymous (not verified)

ပြင်သစ်လေကြောင်းလိုင်း KLM ၊ဗြိတိသျှလေကြောင်းနဲ့ ဂျာမန်လုသန်ဇား စတဲ့လေကြောင်းတွေဟာ ဥရောပတွင်ဘေးအန္တရာယ် အကင်းဆုံး လေကြောင်းလိုင်းတွေဖြစ်တယ်လို့ လေကြောင်းသယ်ယူပို့ဆောင်ရေး အဆင့်သတ်မှတ်ရေး အေဂျင်စီ ( ATRA ) က သြဂုတ် ၂၉ ရက်ထုတ်ပြန်တဲ့ ''ဘေးအန္တရာယ်အကင်းဆုံး လေကြောင်းလိုင်း ၁၀ ခု'' စာရင်းမှာတွေ့ရပါတယ်။ အမေရိကန်ပြည်ထောင်စု အခြေစိုက်လေကြောင်းလိုင်းများအနက် ဘေးအန္တရာယ်အကင်းဆုံး လေကြောင်းလိုင်းများမှာ AMR ကော်ပိုရေးရှင်း၊ ကွန်တီနင်တယ်အဲလိုင်း၊ ဒယ်လ်တာအဲလိုင်း၊ ဆော့ဝက်စ်အဲလိုင်း၊ ယူနိုက်တက်အဲလိုင်းနဲ့ ယူအက်စ်အဲဝေးတို့ ပါဝင်ပါတယ်။