ပို့ကုန်သွင်းကုန်နှင့်ပတ်သက်သော သတင်းလွှာ (၁၀/၂၀၂၀)

Thu, 08/13/2020 - 09:03 -- eiprdep

လက်ရှိအခြေအနေတွင် မြန်မာနိုင်ငံသည် Financial Action Task Force (FATF) ၏ ငွေကြေးခဝါချမှုအဆင့်သတ်မှတ်ချက်တွင် Grey List တွင် ပါဝင်နေကာ ရွှေ၊ လက်ဝတ်ရတနာ များ၊ ရွှေဖြင့်ပြုလုပ်သော အနုပညာပစ္စည်းများနှင့် အသုံးအဆောင်ပစ္စည်းများ တင်ပို့/ တင်သွင်း ခြင်းကိုအကြောင်းပြု၍ တရားမဝင်သောနည်းလမ်းဖြင့်ရရှိသည့်ငွေကြေးများ ဝင်ရောက်နိုင်ခြင်း မရှိစေရေး သေချာစွာစိစစ်ဆောင်ရွက်ရန်လိုအပ်သဖြင့် အဆိုပါပစ္စည်းများ တင်ပို့/ တင်သွင်းခွင့် လိုင်စင်များကို L/C (သို့မဟုတ်) TT စနစ်ဖြင့် ခွင့်ပြုခြင်းအစား ဤသတင်းလွှာထုတ်ပြန်သည့် နေ့မှစ၍  Letter of Credit (L/C) စနစ်ဖြင့်သာ ခွင့်ပြုသွားမည်ဖြစ်ကြောင်း အသိပေးထုတ်ပြန်သည့် သတင်းလွှာ