ပို့ကုန်လုပ်ငန်းရှင်များကားတင်သွင်းခွင့်ရပြီ

Thu, 11/17/2011 - 09:42 -- Anonymous (not verified)

နေပြည်တော် ၊ နိုဝင်ဘာလ ၁၇ ရက် ပို့ကုန်လုပ်ငန်းရှင်များအား ပို့ကုန်မက်လုံးများ (Export Incentives) ပေးကာ ပို့ကုန်တိုးမြှင့် တင်ပို့နိုင်ရေး (Export Promotion) အတွက် သတင်းတစ်ခု ထုတ်ပြန် လိုက်ကြောင်း သိရှိရရှိပါသည်။  ထိုသတင်းမှာ ၂၀၁၁-၂၀၁၂ ဘဏ္ဍာနှစ် ဧပြီလ (၁) ရက်နေ့မှ စက်တင်ဘာလ (၃၀) ရက်အတွင်း ပြည်ပသို့ အမှန်တကယ်တင်ပို့ခဲ့သည့် အမေရိကန်ဒေါ်လာ (၁၀၀၀၀၀) (ဒေါ်လာတစ်သိန်း) တင်ပို့နိုင်ခဲ့ပြီး မိမိတို့၏ဘဏ်စာရင်းတွင် Earning ငွေ အမေရိကန်ဒေါ်လာ (၁၀၀၀၀၀) (ဒေါ်လာတစ်သိန်း) စာရင်းရှိ သောကုမ္ပဏီများ အနေဖြင့် အောက်ပါအထောက်အထားများတင်ပြပြီး ပြည်ထောင်စုဝန်ကြီးရုံး၊ စီးပွားရေး နှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနသို့လိပ်မူ၍ (၅) နှစ်အတွင်းထုတ်လုပ်ခဲ့သည့် မိမိတို့ကြိုက်နှစ်သက်သော တန်ဖိုးအမေရိကန်ဒေါ်လာ (၅၀၀၀၀) (ဒေါ်လာငါးသောင်း) ထိတန်ဖိုးရှိသော ကား (၁) စီးစီ တင်သွင်းခွင့် လျှောက်ထား နိုင်ပြီဖြစ်ကြောင်းသိရှိရပါသည်- (က) ကုမ္ပဏီအမည် Letter Head ပါသောလျှောက်လွှာ (ခ) ထုတ်ယူခဲ့သောလိုင်စင်တစ်စောင်ချင်းစီ နှင့် အမှန်တကယ်တင်ပို့ခဲ့သော အထောက် အထားများ (ED ၊ BL ၊ လိုင်စင်မိတ္တူများ) (ဂ) လိုင်စင်တစ်စောင်ချင်း တင်ပို့ပြီးစီးမှုအတွက် ဘဏ်ငွေဝင်ပြီးကြောင်း အထောက်အထား (ဃ) နောက်ဆုံးအခြေအနေထိ ရေးသွင်းထားသော Bank Passbook မိတ္တူ (အနည်းဆုံးအမေရိကန်ဒေါ်လာတစ်သိန်းလက်ကျန်ရှိရမည်) ထို့ပြင် စက်တင်ဘာလ (၃၀) ရက်နေ့နောက်ပိုင်း အမှန်တကယ်တင်ပို့မှု အမေရိကန်ဒေါ်လာ (၁၀၀၀၀၀) (ဒေါ်လာတစ်သိန်း) ပြည့်မီအောင် တင်ပို့ပြီးပါကလည်း တန်ဖိုးအမေရိကန်ဒေါ်လာ (၅၀၀၀၀) (ဒေါ်လာငါးသောင်း) တန်ဖိုးရှိသော ကား (၁) စီးကို ကုမ္ပဏီများအနေဖြင့် တင်သွင်းခွင့် ချက်ချင်းလာရောက်လျှောက် ထားနိုင်ပါကြောင်း သတင်းကောင်းပါးအပ်ပါသည်။