(၁-၁-၂၀၁၇)မှ (၃၁-၁၂-၂၀၁၇)ရက်နေ့အထိ ပို့ကုန်ရငွေဝင်ရောက်ရန် ပမာဏအများဆုံး ကျန်ရှိသောကုမ္ပဏီ(၃)ခုစာရင်း

Wed, 08/07/2019 - 07:06 -- ictuser

၂၀၁၂ခုနှစ်၊နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှုဥပဒေနှင့်၂၀၁၅ခုနှစ်၊နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှုဥပဒေကိုပြင်ဆင်သည့်ဥပဒေအခန်း(၁၁)၊ပုဒ်မ(၃၈)ခုတွင်မည်သူမျှပို့ကုန်ရငွေအားလုံးကို သတ်မှတ်ကာလအတွင်းနိုင်ငံတော်အတွင်းရှိယင်း၏ဘဏ်ငွေစာရင်းသို့နိုင်ငံခြားသုံးငွေဖြင့်ထည့်သွင်းရန်ပျက်ကွက်ခြင်းမရှိစေရဟုပြဌာန်းထားရှိပါသည်။ ယင်းဥပဒေပြဌာန်းချက်အရပြည်ပသို့ပို့ကုန်တင်ပို့သည့်ကုမ္ပဏီများအနေဖြင့်ပို့ကုန်ရငွေအားလုံးကိုပို့ကုန်များသင်္ဘာတင်သည့်နေ့မှ(၆)လအတွင်းနိုင်ငံတော်အတွင်းရှိယင်း၏ ဘဏ်ငွေစာရင်းအသီးသီးသို့နိုင်ငံခြားသုံးငွေဖြင့်ထည့်သွင်းရန်တာဝန်ရှိပါသည်။၂၀၁၇ခုနှစ်အတွင်းပြည်ပသို့ပို့ကုန်တင်ပို့ပြီးနောက်ပို့ကုန်ရငွေပြန်လည်ဝင်ရောက်ရန်ကျန်ရှိသည့်
ကုမ္ပဏီများအနက်ပမာဏအများဆုံးကျန်ရှိသောကုမ္ပဏီ(၄၀)ခုရှိကြောင်းဗဟိုဘဏ်မှအကြောင်းကြားလာရာပြည်ပသို့ပို့ကုန်တင်ပို့ပြီးနောက်ပို့ကုန်ရငွေပြန်လည်ဝင်ရောက်ရန်
ကျန်ရှိသည့်ကုမ္ပဏီ(၄၀)ဆောင်ရွက်ကြပါရန်၂၀၁၉ခုနစ်ဇွန်လ(၆)ရက်နေ့မှစ၍ဝန်ကြီးဌာနwebsiteမှတဆင့်အသိပေးနှိုးဆော်ခဲ့ပြီးဖြစ်ပါသည်။ယခုအခါမြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ
(၆.၈.၂၀၁၉)ရက်စွဲပါစာဖြင့်ကုမ္ပဏီ(၄)ခုတို့မှပို့ကုန်ရငွေများအပြည့်အဝပြန်လည်ဝင်ရောက်လာပြီဖြစ်ကြောင်းအကြောင်းကြားလာပါသဖြင့်ယခင်ကုမ္ပဏီ(၇)ခုအစားကုမ္ပဏီ(၃)
ခုစာရင်းအား သိရှိနိုင်ပါရန်အကြောင်းကြားအပ်ပါသည်။

(၁-၁-၂၀၁၇)မှ (၃၁-၁၂-၂၀၁၇)ရက်နေ့အထိ ပို့ကုန်ရငွေဝင်ရောက်ရန် ပမာဏအများဆုံး ကျန်ရှိသောကုမ္ပဏီ(၃)ခုစာရင်း
စဉ် ကုမ္ပဏီအမည် မန်နေဂျင်းဒါရိုက်တာအမည်/ဒါရိုက်တာအမည် ပသကအမှတ် မှတ်ချက်
1 Fine Ply Myanmar Private Ltd.  Mr.Ashok Garg  32835  
2 Green Land Agriculture Co-Operative Society Ltd.  U Soe Yin  25250  
3 Kyaw San Co., Ltd.  U Kyaw Oo  17343