(၁-၁-၂၀၁၇)မှ (၃၁-၁၂-၂၀၁၇)ရက်နေ့အထိ ပို့ကုန်ရငွေဝင်ရောက်ရန် ပမာဏအများဆုံး ကျန်ရှိသောကုမ္ပဏီ(၇)ခုစာရင်း

Wed, 07/31/2019 - 07:16 -- ictuser

၂၀၁၂ခုနှစ်၊နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှုဥပဒေနှင့်၂၀၁၅ခုနှစ်၊နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှုဥပဒေကိုပြင်ဆင်သည့်ဥပဒေအခန်း(၁၁)၊ပုဒ်မ(၃၈)ခုတွင်မည်သူမျှပို့ကုန်ရငွေအားလုံးကို
သတ်မှတ်ကာလအတွင်းနိုင်ငံတော်အတွင်းရှိယင်း၏ဘဏ်ငွေစာရင်းသို့နိုင်ငံခြားသုံးငွေဖြင့်ထည့်သွင်းရန်ပျက်ကွက်ခြင်းမရှိစေရဟုပြဌာန်းထားရှိပါသည်။
ယင်းဥပဒေပြဌာန်းချက်အရပြည်ပသို့ပို့ကုန်တင်ပို့သည့်ကုမ္ပဏီများအနေဖြင့်ပို့ကုန်ရငွေအားလုံးကိုပို့ကုန်များသင်္ဘာတင်သည့်နေ့မှ(၆)လအတွင်းနိုင်ငံတော်အတွင်းရှိယင်း၏
ဘဏ်ငွေစာရင်းအသီးသီးသို့နိုင်ငံခြားသုံးငွေဖြင့်ထည့်သွင်းရန်တာဝန်ရှိပါသည်။

၂၀၁၇ခုနှစ်အတွင်းပြည်ပသို့ပို့ကုန်တင်ပို့ပြီးနောက်ပို့ကုန်ရငွေပြန်လည်ဝင်ရောက်ရန်ကျန်ရှိသည့်ကုမ္ပဏီများအနက်ပမာဏအများဆုံးကျန်ရှိသောကုမ္ပဏီ(၄၀)ခုရှိကြောင်းဗဟိုဘဏ်မှ
အကြောင်းကြားလာရာပြည်ပသို့ပို့ကုန်တင်ပို့ပြီးနောက်ပို့ကုန်ရငွေပြန်လည်ဝင်ရောက်ရန်ကျန်ရှိသည့်ကုမ္ပဏီ(၄၀)ဆောင်ရွက်ကြပါရန်၂၀၁၉ခုနစ်ဇွန်လ(၆)ရက်နေ့မှစ၍ဝန်ကြီးဌာန
websiteမှတဆင့်အသိပေးနှိုးဆော်ခဲ့ပြီးဖြစ်ပါသည်။

ယခုအခါမြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ(၃၀.၇.၂၀၁၉)ရက်စွဲပါစာဖြင့်ကုမ္ပဏီ(၆)ခုတို့မှပို့ကုန်ရငွေများအပြည့်အဝပြန်လည်ဝင်ရောက်လာပြီဖြစ်ကြောင်းအကြောင်းကြား
လာပါသဖြင့်ယခင်ကုမ္ပဏီ(၁၃)ခု အစားကုမ္ပဏီ(၇)ခုစာရင်းအားသိရှိနိုင်ပါရန်အကြောင်းကြားအပ်ပါသည်။

(၁-၁-၂၀၁၇)မှ (၃၁-၁၂-၂၀၁၇)ရက်နေ့အထိ ပို့ကုန်ရငွေဝင်ရောက်ရန် ပမာဏအများဆုံး ကျန်ရှိသောကုမ္ပဏီ(၇)ခုစာရင်း
စဉ် ကုမ္ပဏီအမည် မန်နေဂျင်းဒါရိုက်တာအမည်/ဒါရိုက်တာအမည် ပသကအမှတ် မှတ်ချက်
1 Fine Ply Myanmar Private Ltd.  Mr.Ashok Garg  32835  
2 Golden Lace Co., Ltd.  U Thaung Win 16551  
3 Green Land Agriculture Co-Operative Society Ltd.  U Soe Yin  25250  
4 Kyaw San Co., Ltd. U Kyaw Oo 17343  
5 Myanmar Rice Trading Co., Ltd.  U Thant Zin   14014  
6 Shwe Mya Thar Trading Co., Ltd.  U Sai Win Hlaing  16348  
7 Than Let Hnin Hlaing Hein Co., Ltd. U Thura Hein  43124