(၁-၁-၂၀၁၇)မှ (၃၁-၁၂-၂၀၁၇)ရက်နေ့အထိ ပို့ကုန်ရငွေဝင်ရောက်ရန် ပမာဏအများဆုံး ကျန်ရှိသောကုမ္ပဏီ(၁၃)ခုစာရင်း

Fri, 07/12/2019 - 09:19 -- dotadmin

၂၀၁၂ခုနှစ်၊ နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှုဥပဒေနှင့် ၂၀၁၅ခုနှစ်၊ နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှုဥပဒေကို ပြင်ဆင်သည့် ဥပဒေ အခန်း (၁၁)၊ ပုဒ်မ (၃၈) ခုတွင် မည်သူမျှ ပို့ကုန်ရငွေအားလုံးကို သတ်မှတ်ကာလအတွင်း နိုင်ငံတော်အတွင်းရှိ ယင်း၏ ဘဏ်ငွေစာရင်းသို့ နိုင်ငံခြားသုံးငွေဖြင့် ထည့်သွင်းရန် ပျက်ကွက်ခြင်းမရှိစေရဟု ပြဌာန်းထားရှိပါသည်။ ယင်းဥပဒေပြဌာန်းချက်အရ ပြည်ပသို့ ပို့ကုန်တင်ပို့သည့် ကုမ္ပဏီများအနေဖြင့် ပို့ကုန်ရငွေ အားလုံးကို ပို့ကုန်များ သင်္ဘာတင်သည့်နေ့မှ (၆) လအတွင် းနိုင်ငံတော်အတွင်းရှိ ယင်း၏ ဘဏ်ငွေစာရင်း အသီးသီးသို့ နိုင်ငံခြားသုံးငွေဖြင့် ထည့်သွင်းရန် တာဝန်ရှိပါသည်။

၂၀၁၇ခုနှစ်အတွင်း ပြည်ပသို့ ပို့ကုန်တင်ပို့ပြီးနောက် ပို့ကုန်ရငွေ ပြန်လည်ဝင်ရောက်ရန် ကျန်ရှိသည့် ကုမ္ပဏီများအနက် ပမာဏအများဆုံး ကျန်ရှိသော ကုမ္ပဏီ(၄၀)ခု ရှိကြောင်း ဗဟိုဘဏ်မှ အကြောင်းကြားလာရာ ပြည်ပသို့ ပို့ကုန်တင်ပို့ပြီးနောက် ပို့ကုန်ရငွေ ပြန်လည်ဝင်ရောက်ရန် ကျန်ရှိသည့် ကုမ္ပဏီ(၄၀)ဆောင်ရွက်ကြပါရန် ၂၀၁၉ ခုနစ် ဇွန်လ (၆)ရက်နေ့မှစ၍ ဝန်ကြီးဌာန website မှတဆင့် အသိပေးနှိုးဆော်ခဲ့ပြီးဖြစ်ပါသည်။

ယခုအခါ မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ (၁၁.၇.၂၀၁၉) ရက်စွဲပါစာဖြင့် နောက်ထပ်ကုမ္ပဏီ (၆)ခုတို့မှ ပို့ကုန်ရငွေများ အပြည့်အဝ ပြန်လည်ဝင်ရောက်လာပြီဖြစ်ကြောင်း အကြောင်းကြား လာပါသဖြင့် ယခင်ကုမ္ပဏီ(၁၉)ခု အစားကုမ္ပဏီ(၁၃)ခုစာရင်းအား သိရှိနိုင်ပါရန် အကြောင်းကြားအပ်ပါသည်။

ကုန်သွယ်ရေးဦးစီးဌာန
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန

စဉ် ကုမ္ပဏီအမည် မန်နေဂျင်းဒါရိုက်တာအမည်/ဒါရိုက်တာအမည် ပသကအမှတ်
1 Aung Naing Thitsar Co., Ltd.  U Aung Zaw Oo  19674
2 Cornerstone Resources (Myanmar) Ltd.  U Swe  13417
3 Fine Ply Myanmar Private Ltd.  Mr.Ashok Garg  32835
4 Global Moving And Storage Ltd. U Rudra Kumar   34865
5 Golden Lace Co., Ltd.  U Thaung Win 16551
6 Green Land Agriculture Co-Operative Society Ltd.  U Soe Yin  25250
7 Kyaw San Co., Ltd.  U Kyaw Oo  17343
8 Lighthouse Enterprises Ltd.  Lee Seong Paik (a) U Thein Lwin  3187
9 Myanmar Rice Trading Co., Ltd.  U Thant Zin   14014
10 Nan Htike Thazin Co., Ltd. U Hla Myint  21154
11 Shwe Mya Thar Trading Co., Ltd.  U Sai Win Hlaing  16348
12 Thamadi Family Trading Co., Ltd. U Tin Htay  21108
13 Than Let Hnin Hlaing Hein Co., Ltd. U Thura Hein  43124