E-Commerce Virtual Conference ကို စီးပွား/ ကူးသန်း ဦးစီး၍ မေ ၂၈ ရက်နေ့တွင် ကျင်းပမည်

Tue, 05/19/2020 - 03:47 -- dotadmin

နေပြည်တော်၊ မေ ၁၅

ကိုဗစ်ရောဂါကြောင့် စီးပွားရေးအပေါ် အကျိုးသက်ရောက်မှု အခြေအနေများကို လျော့ပါး သက်သာစေရေးနှင့် ခိုင်မာသည့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို အချိန်တိုအတွင်း ရရှိနိုင်ရေး နိုင်ငံတော်အစိုးရက လုပ်ဆောင်စဉ်ကာလအတွင်း ဆန်းသစ်ထုတ်ကုန်များကို တိုးမြှင့်မိတ်ဆက် နိုင်ရန် ရည်မှန်းချက်ဖြင့် E-Commerce လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေး လုပ်ငန်းစဉ်များကို ညှိနှိုင်းနိုင်ရန် E-Commerce Virtual Conference တစ်ခုကို မေလ ၂၈ ရက်နေ့တွင် စီးပွားရေး နှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ဦးစီးဆောင်ရွက်သွားမည် ဖြစ်ပါသည်။

အဆိုပါ ကွန့်ဖရင့်ကို ၂၀၂၀ ပြည့်နှစ်၊ မေလ ၂၈ ရက်နေ့တွင် ကျင်းပမည်ဖြစ်ပြီး အားလုံး တစ်ပေါင်းတည်းကျော်လွှားခြင်း COVID-19 စီးပွားရေးကုစားမှုအစီအစဉ် (CERP) ၏     ပန်းတိုင် ၅ အောက်တွင် ပါဝင်သော E-Commerce ဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်ရန် စီမံချက် များအရ ဆက်လက်ဆောင်ရွက်မည့်လုပ်ငန်းများနှင့် အစိုးရ-ပုဂ္ဂလိက ထိရောက်စွာ ပူးပေါင်း ဆောင်ရွက်ရေးကိစ္စရပ်များကို ဆွေးနွေးကြမည်ဖြစ်သည်။ ကွန့်ဖရင့်ကို Application အသုံးပြု ဆောင်ရွက်သွားမည်ဖြစ်ပြီး အစိုးရဌာနများနှင့် အဖွဲ့အစည်းများ၊ ဆက်စပ်အသင်းအဖွဲ့များနှင့် ပုဂ္ဂလိက လုပ်ငန်းရှင်များ ပါဝင်တက်ရောက်နိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

နောက်ဆုံးရသတင်းများ

Pages