Doing Business Ranking တိုးတက်စေရေး အထောက်အကူပြုအဖွဲ့တစ်ခုဖြစ်သည့် Trading Across Borders လုပ်ငန်းအဖွဲ့ Public-Private Dialogue ဆွေးနွေးပွဲ ကျင်းပ

Wed, 02/13/2019 - 03:29 -- dotadmin

Trading Across Borders လုပ်ငန်းအဖွဲ့ Public-Private Dialogue ဆွေးနွေးပွဲကို (၁၁-၂-၂၀၁၉) ရက်နေ့မှာ ရန်ကုန်မြို့ ကမ်းနားလမ်း စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန ပို့ကုန်သွင်းကုန်ရုံး တွင် ကျင်းပပြုလုပ်ခဲ့ပြီး ကုန်သွယ်ရေးဦးစီး ဌာန ခေတ္တညွှန်ကြားရေးမှူးချုပ် ဦးမင်းမင်း မှ ဦးဆောင်ပြီး ဆက်စပ်ဌာနများမှ တာဝန်ရှိသူများ၊ UMFCCI မှ တာဝန်ရှိသူများ ဖိတ်ကြားထားသည့် ပို့ကုန် သွင်းကုန်ကုမ္ပဏီ လုပ်ငန်းရှင်များနှင့် အကောက်ခွန်ရှင်းလင်းရေးအသင်းမှ တာဝန်ရှိသူများ အင်အား (၁၀၀) ကျော်တက်ရောက် ဆွေးနွေးခဲ့ကြပါတယ်။ အဆိုပါဆွေးနွေးပွဲတွင် ကုန်သွယ်မှုလျင်မြန်ချောမွေ့စေရေးအတွက် လိုအပ်သည့် Reform များ ဆောင်ရွက်ရန်လိုအပ်သလို Ranking တိုးတက်ရေးအတွက် Focus ထား ဆောင်ရွက်ရမည့် ကုန်ပစ္စည်းအမယ်အချို့၏ တင်ပို့တင်သွင်းခြင်းလုပ်ငန်းစဉ်များမှာ ဌာနဆိုင်ရာများ မှဖြေလျော့ ဆောင်ရွက် ပေးထားမှုအခြေအနေ၊ လုပ်ငန်းရှင်များမှ တွေ့ကြုံနေရ သည့်အခက်အခဲပေါ် တွင် လုပ်ငန်း ပိုမိုအဆင်ပြေစေအောင်ဌာနများမှ ဖြေလျော့ဆောင်ရွက် ပေးသွား မည့်လုပ်ငန်း ရပ်များ လုပ်ငန်း ဆောင်ရွက်ရန် ကြာချိန်နှင့်ငွေကြေးကုန်ကျမှု တို့လျော့ချနိုင်မည့် နည်းလမ်းတို့ အား အပြန် အလှန် ဆွေးနွေးညှိနှိုင်းဆောင်ရွက်ခြင်းနှင့် ၂၀၂၀ Report အတွက် Questionnaire ဖြေဆိုမည့် လုပ်ငန်းရှင် Volunteers များရွေးချယ်ခြင်းတို့ကို ဆောင်ရွက်ခဲ့ကြကြောင်း သတင်းရရှိပါသည်။

နောက်ဆုံးရသတင်းများ

Pages