အိတ်ဖွင့်တင်ဒါပေးသွင်းရန်ဖိတ်ခေါ်ခြင်း

Thu, 09/10/2020 - 05:44 -- dotadmin

၁။           စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာနတွင်၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်၊ သာမန်ခွင့်ပြုရန်ပုံငွေဖြင့် ဆာဗာ၊ ကွန်ပျူတာနှင့်ကွန်ရက်ထိန်းသိမ်းခြင်းလုပ်ငန်းများအား သတ်မှတ်စံချိန်စံညွှန်းများအတိုင်း ဈေးနှုန်းစိစစ်ရွေးချယ် တင်ဒါခေါ်ယူမည်ဖြစ်ပါ၍ စိတ်ပါဝင်စားသူ ကုမ္ပဏီများအနေဖြင့် သတ်မှတ်ချက်များနှင့်အညီ အောက်ဖော်ပြပါ ဝန်ဆောင်မှုများကို တင်ဒါ ပေးသွင်းနိုင်ရန် ဖိတ်ခေါ်အပ်ပါသည်-

No

DESCRIPTION OF SERVICES

QTY

1

Server (27) Nos Maintenance (Nay Pyi Taw, Yangon)

1 No

2

Networking Maintenance  (Office-Nay Pyi Taw, Office-Yangon, Co-Location, Muse, Myawaddy)

1 No

3

Desktop (85) Nos (Service  and  Maintenance At Yangon)

1 No

4

Servers (6) Nos and Desktop PC (27) Nos (At Muse)

Servers (4) Nos and Desktop PC (16) Nos (At  Myawaddy)

1 No

၂။            တင်ဒါတင်သွင်းမည့်သူများသည် အောက်ပါစည်းကမ်းချက်များကို လိုက်နာဆောင်ရွက် ရမည်ဖြစ်ပါသည်-

              (က)    တင်ဒါအဆိုပြုလွှာများကို ဝန်ကြီးဌာန၊ တင်ဒါကော်မတီဝင်များ ရှေ့မှောက်ရှိ တင်ဒါပုံးတွင် ထည့်သွင်းယှဉ်ပြိုင်ရမည်ဖြစ်ပါသည်။

              ( ခ )   တင်ဒါယှဉ်ပြိုင်သူများသည် ဝင်ရောက်ယှဉ်ပြိုင်မည့် တင်ဒါစပေါ်ငွေအား မြန်မာ့ စီးပွားရေးဘဏ်(နေပြည်တော်)တွင် (P.O Cheque)ဖြင့် ပေးသွင်းရမည်ဖြစ်ပြီး တင်ဒါအောင်မြင်ခြင်းမရှိသော ကုမ္ပဏီများ၏ တင်ဒါစပေါ်ငွေအား (၇) ရက်အတွင်း ပြန်လည်ထုတ်ပေးမည် ဖြစ်ပါသည်။

              ( ဂ )   ဝန်ကြီးဌာန၊ တင်ဒါကော်မတီမှ ရွေးချယ်ခံရသူထံမှသာ သတ်မှတ်ချက်များနှင့် အညီ စာချုပ်ချုပ်ဆို၍ ဝန်ဆောင်မှုရယူမည် ဖြစ်ပါသည်။

              (ဃ)    ဝန်ကြီးဌာန၊ တင်ဒါကော်မတီဝင်များရှေ့မှောက်တွင် တင်ဒါပွဲလာရောက် ယှဉ်ပြိုင် သူသည် လုပ်ငန်းရှင်ကိုယ်တိုင်(သို့မဟုတ်) ကုမ္ပဏီမှ တာဝန်ခံနိုင်သည့် အထွေထွေ

                        ကိုယ်စားလှယ်လွှဲအပ်ခြင်း တရားဝင်စာပူးတွဲတင်ပြနိုင်မည့် ကိုယ်စားလှယ်ဖြစ်ရ မည်။

              ( င )   အဆိုပြုလွှာတွင် ဖော်ပြထားသော ဈေးနှုန်းတန်ဘိုးမှာ မြန်မာကျပ်ငွေဖြစ်ရမည်။

              ( စ )   ရွေးချယ်ခံရပါက လုပ်ငန်းရွေးချယ်ခြင်းအတွက် ပြည်တွင်းအခွန်များဦးစီးဌာနသို့ ပေးသွင်းရမည့် ပင်ရင်းမှဖြတ်တောက်ခွန် (၂%) ဖြတ်တောက်ပေးချေခြင်းနှင့် ကုန်သွယ်လုပ်ငန်းခွန် (၅%) အား ပြည်တွင်းအခွန်များဦးစီးဌာနသို့  ပေးသွင်းရန်ကို သဘောတူရမည်။

              ( ဆ )  တင်ဒါတင်သွင်းလိုသူများသည် တင်ဒါပုံစံများကို တစ်စောင်လျှင် ကျပ် ၅၀၀ဝိ/- နှုန်းဖြင့် ကုန်သွယ်ရေးဦးစီးဌာန၊ သတင်းအချက်အလက်နည်းပညာဌာနခွဲတွင် ဝယ်ယူရမည်ဖြစ်ပါသည်။

၃။           တင်ဒါယှဉ်ပြိုင်မည့် ကုမ္ပဏီများအနေဖြင့် နည်းပညာပိုင်းဆိုင်ရာများနှင့် ပတ်သက်၍ အောက်ပါ အချက်အလက်များဖြင့် ကိုက်ညီရမည်-

              ( က )  တင်ဒါယှဉ်ပြိုင်မည့်ကုမ္ပဏီသည် ဆာဗာ/ကွန်ပျူတာနှင့်ကွန်ရက်နည်းပညာဆိုင် ရာလုပ်ငန်းများအား အဓိကထားဆောင်ရွက်နေသော ကုမ္ပဏီဖြစ်ရမည်။

              ( ခ )   တင်ဒါယှဉ်ပြိုင်မည့်ကုမ္ပဏီသည် တင်ဒါတင်သွင်းသည့်နေ့ရက်တွင် ကုမ္ပဏီ၏ သက်တမ်းအနည်းဆုံး (၃) နှစ်နှင့် အထက်ရှိရမည်။

                        (ကုမ္ပဏီသက်တမ်း (၃) နှစ် မပြည့်သော်လည်း တာဝန်ယူဆောင်ရွက်မည့်ဝန်ထမ်း အနေဖြင့် အစိုးရဌာန/လုပ်ငန်းများတွင် ဆာဗာ/ကွန်ပျူတာနှင့်ကွန်ရက်နည်း ပညာဆိုင်ရာလုပ်ငန်း အတွေ့အကြုံ (၅) နှစ်နှင့်အထက် ရှိရမည်)

              (ဃ )   တင်ဒါယှဉ်ပြိုင်မည့်ကုမ္ပဏီမှ လက်ရှိဝန်ထမ်းအင်အား၊ တာဝန်ယူဆောင်ရွက်မည့် ဝန်ထမ်း၏ နည်းပညာဆိုင်ရာကျွမ်းကျင်မှုလက်မှတ်၊ နည်းပညာလုပ်ငန်း အတွေ့ အကြုံ၊ လက်ရှိဝန်ဆောင်မှုပေးနေသော ဌာန/လုပ်ငန်းများအား ပြည့်စုံစွာ ဖော်ပြ ထားသည့် ကုမ္ပဏီ Profile၊ ကုမ္ပဏီမှ နည်းပညာလုပ်ငန်းများနှင့်ပတ်သက်၍ ဆောင်ရွက်ပေးနိုင်မည့်အစီအမံတို့အား ကြိုတင် တင်ပြလျှောက်ထားရမည်။

              (ဂ)     နည်းပညာကုမ္ပဏီအား စိစစ်ရွေးချယ်ရာတွင် အဆိုပြုဈေးနှုန်း၊ တာဝန်ထမ်း ဆောင်မည့်ဝန်ထမ်းနှင့် ကုမ္ပဏီ၏နည်းပညာလုပ်ငန်းအတွေ့အကြုံ၊ နည်းပညာ လုပ်ငန်းများနှင့်ပတ်သက်၍ဆောင်ရွက်ပေးနိုင်မည့် အစီအမံတို့ပေါ်တွင် မူတည်၍ တင်ဒါကော်မတီမှ စိစစ်ဆောင်ရွက်သွားမည်ဖြစ်ပါသည်။

၄။           သို့ဖြစ်ပါ၍ ကုန်သွယ်ရေးဦးစီးဌာန၏ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်၊ ငွေလုံးငွေရင်းခွင့်ပြုရန်ပုံ ငွေဖြင့် ဆာဗာ၊ ကွန်ပျူတာနှင့်ကွန်ရက်ထိန်းသိမ်းခြင်းလုပ်ငန်းများအား ဝန်ကြီးဌာန၊ တင်ဒါ ကော်မတီဖြင့် စိစစ်ဝယ်ယူသွားမည်ဖြစ်ပါ၍ တင်ဒါလာရောက်ယှဉ်ပြိုင်ပေးသွင်းပါရန် ဖိတ်ခေါ်အပ် ပါသည်။

          တင်ဒါပုံစံရောင်းချသည့်နေ့      -     ( ၁၀ -၉-၂၀၂၀ ရက်နေ့ မှ ၂၃ - ၉-၂၀၂၀ ရက်နေ့ထိ )

          တင်ဒါကော်မတီဖြင့်               -     (  ၂၀၂၀ ပြည့်နှစ်၊ အောက်တိုဘာလအတွင်း)  

          ဈေးနှုန်းစိစစ်မည့်ရက်                  (ဆက်သွယ်အကြောင်းကြားပါမည်)

          ကျင်းပမည့်နေရာ                  -     ရုံးအမှတ် (၃) ၊ အစည်းအဝေးခန်းမ ၊ စီးပွား/ကူးသန်း

                                                           (နေရာပြောင်းလဲမှုရှိပါကဆက်သွယ်အကြောင်းကြားပါမည်)        

          ဆက်သွယ်ရန်ဖုန်း                 -     ၀၆၇-၄၀၈၀၁၀

နောက်ဆုံးရသတင်းများ

Pages