လွတ်လပ်သောကုန်သွယ်ရေးသဘောတူညီချက်များနှင့် ဝန်ဆောင်မှု ကုန်သွယ်ရေး ဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ ကျင်းပပြုလုပ်

Fri, 06/26/2020 - 09:55 -- dotadmin

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်ရေးဦးစီး၊ Enhanced Integrated Framework-EIF အစီအစဉ်ဖြင့် ကျင်းပပြုလုပ်သည့် လွတ်လပ်သော ကုန်သွယ်ရေး သဘောတူညီချက်များနှင့် ဝန်ဆောင်မှု ကုန်သွယ်ရေး ဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကို ၂၀၂၀ ပြည့်နှစ် ဇွန် ၂၄ ရက်မှ ၂၆ ရက်နေ့အထိ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ ရုံးအမှတ်(၃) အစည်းအဝေးခန်းမ၌ အလုပ်ရုံဆွေးနွေးပွဲကို ကျင်းပပြုလုပ်ခဲ့သည်။

 

အလုပ်ရုံဆွေးနွေးပွဲပထမနေ့တွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စီမံကိန်းနှင့်ဘဏ္ဍာရေးနှင့်စက်မှုဝန်ကြီးဌာန၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေး ဝန်ကြီးဌာန၊ ပြန်ကြားရေးဝန်ကြီးဌာန၊ သာသနာရေး နှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာနနှင့် လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန စသည်တို့မှ ကိုယ်စားလှယ်စုစုပေါင်း (၂၅) ဦး တက် ရောက်ဆွေးနွေးခဲ့ကြသည်။

 

အလုပ်ရုံဆွေးနွေးပွဲ ဒုတိယနေ့၌ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနတို့မှ ကိုယ်စား လှယ် (၂၅) ဦး တက်ရောက်ခဲ့ကြသည်။

 

ထို့နောက် အလုပ်ရုံဆွေးနွေးပွဲ တတိယနေ့တွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ အလုပ်သမား၊ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပညာရေးဝန်ကြီး ဌာန၊ ဆောက်လုပ်ရေး ဝန်ကြီးဌာန၊ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာန၊ ပြည်ထောင်စု ရှေ့နေချုပ်ရုံး၊ ပြည်ထောင်စု တရားလွှတ်တော်ချုပ်ရုံး၊ ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံးနှင့် မြန်မာနိုင်ငံတော် ဗဟိုဘဏ်စသည်တို့ မှ ကိုယ်စားလှယ် (၂၅) ဦး တက်ရောက်ခဲ့ကြသည်။

 

ဆွေးနွေးပွဲကို ဒေသတွင်းဝန်ဆောင်မှု ကုန်သွယ်ရေးသဘောတူညီချက်များတွင် ဆွေးနွေး ညှိနှိုင်းမှု အခြေအနေများနှင့် ပေးပို့ထားသည့် ကတိကဝတ်များကို သိရှိစေရန်၊ ဒေသတွင်းသဘော တူညီချက်များတွင် လိုက်ပါ အကောင် အထည်ဖော် ဆောင်ရွက်ရာ၌ ပြည်တွင်းလိုအပ်သည်များကို ကြိုတင်သိရှိ နားလည်စေရန်နှင့် လိုက်ပါအကောင်အထည်ဖော် ဆောင်ရွက်မှု လုပ်ငန်းစဉ်များတွင် ကဏ္ဍအလိုက် ကြုံတွေ့ရသည့် စိန်ခေါ်မှုများ၊ ရှေ့ဆက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များကို ဆွေးနွေးဖော်ထုတ်ရန် ရည်ရွယ်ကာ ကျင်းပပြုလုပ်ခြင်းဖြစ်သည်။

နောက်ဆုံးရသတင်းများ

Pages