မြန်မာနိုင်ငံမှ တည်ထောင်ထားရှိသော National Trade Portal and Trade Repository Website ၏ မူရင်းကုဒ် (Source Code) အား မိုဇမ်ဘစ်နိုင်ငံမှ ကူးယူသုံးစွဲခွင့်ပြုရေးဆိုင်ရာ မြန်မာ - မိုဇမ်ဘစ် နှစ်နိုင်ငံအကြား နားလည်မှုစာချွန်လွှာ (MOU) လက်မှတ်ရေးထိုးပွဲ ကျင်းပခြ

Wed, 05/22/2019 - 08:56 -- dotadmin

၂၀၁၉ ခုနှစ် မေလ ၂၁ ရက်

မြန်မာနိုင်ငံသည် အာဆီယံအဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံဖြစ်သည့်အားလျော်စွာ အာဆီယံကုန်စည် ကုန်သွယ်ရေးသဘောတူညီချက်ကို လိုက်ပါအကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိပါသည်။

ゞင်းသဘောတူညီချက်၏ အခန်း (၁)၊ ပုဒ်မ (၁၃) အရ အဖွဲ့ဝင်နိုင်ငံတိုင်းသည် ကုန်သွယ်မှုသတင်းအချက်အလက်များ ပွင့်လင်းမြင်သာဖြစ်စေရန် National Trade Repository များ တည်ထောင်၍ အာဆီယံ၏ ASEAN Trade Repository သို့ ချိတ်ဆက် ထားကြရမည်ဖြစ်ပါသည်။

အဆိုပါ အကောင်အထည်ဖော်ဆောင်ရွက်မှုအတွက် အဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံအနေဖြင့် လိုက်ပါဆောင်ရွက်ရမည့် တာဝန်အရ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာနသည် USAID ၏ ကူညီထောက်ပံ့မှုဖြင့် ၂၀၁၆ ခုနှစ် မေလ ၂၆ ရက်နေ့တွင် မြန်မာနိုင်ငံ ကုန်သွယ်မှု သတင်းအချက်အလက်များဘဏ္ဍဍာတိုက် - National Trade Portal and Trade Repository Website - www.myanmartradeportal.gov.mm ကို တရားဝင် လွှင့်တင်ခဲ့ပါသည်။

ゞင်း ကုန်သွယ်မှု သတင်းအချက်အလက်များဘဏ္ဍဍာတိုက်တွင် ကုန်သွယ်မှုဆိုင်ရာဥပဒေ၊ နည်းဥပဒေများနှင့် လုပ်ထုံးလုပ်နည်းများ၊ အကောက်ခွန်နှုန်းထားများနှင့် ကုန်သွယ်မှု ဆိုင်ရာ သတင်းအချက်အလက်များအား မြန်မာ/အင်္ဂ္လိပ် (၂) ဘာသာဖြင့် ဖော်ပြထား ပါသည်။ ထို့အပြင် ကုန်စည်များတင်သွင်းရာတွင် သက်ဆိုင်ရာဌာနဆိုင်ရာ များမှ စည်းကြပ်ထားသော အကောက်ခွန်မဟုတ်သည့် စီမံဆောင်ရွက်မှုများ (Non-tariff Measures-NTMs) ကိုလည်း ကုန်စည်များအလိုက် ခွဲခြား၍ လုပ်ထုံးလုပ်နည်းများနှင့် ချိတ်ဆက်ဖော်ပြပေးထားပါသည်။

အဆိုပါ Website ကို တည်ထောင်စဉ်က လာအိုနိုင်ငံမှ Source Code ကို ကူးယူ၍ ဆောင်ရွက်ခဲ့ပြီး Website ရေရှည်စဉ်ဆက်မပြတ်ဆောင်ရွက်နိုင်ရေးအတွက် USAID ၏အကူအညီဖြင့် အဆင့်မြှင့်တင် ခြင်းလုပ်ငန်းစဉ်များကို ဆောင်ရွက်ခဲ့ပြီး မူလ Website နေရာတွင် အဆင့်မြှင့်တင်ထားသော Website အား အစားထိုး လွှင့်တင်ခြင်းကို ၂၀၁၈ ခုနှစ် နိုဝင်ဘာလ ၁၉ ရက်နေ့တွင် ဆောင်ရွက်ခဲ့ပြီးဖြစ်ပါသည်။  ဤကဲ့သို့ ဆောင်ရွက် ထားရှိမှုကို အစိုးရနှင့် ပုဂ္ဂလိကကဏ္ဍဍများသို့လည်း အသိပညာဖြန့်ဝေခြင်းများ  ဆောင် ရွက်ခဲ့ပါသည်။

ယခုကဲ့သို့ Website ကို တည်ထောင်နိုင်ခြင်းဖြင့် အာဆီယံကုန်စည်ကုန်သွယ်ရေးသဘော တူညီချက် (ASEAN Trade in Goods Agreement – ATIGA) ၏ အခန်း (၁)၊ ပုဒ်မ (၁၃)အတိုင်း လိုက်ပါအကောင်အထည် ဖော်ဆောင်ရွက်ပြီးဖြစ်ခြင်းသာမက ကမ္ဘာ့ကုန် သွယ်ရေးအဖွဲ့၏ ကုန်သွယ်မှုလွယ်ကူချောမွေ့စေရေးသဘောတူညီချက်ပါ ကုန်သွယ်မှု အချက်အလက်များ ပွင့်လင်းမြင်သာဖြစ်စေရေးကိုလည်း အကောင်အထည်ဖော်ဆောင် ရွက်ပြီး ဖြစ်ခြင်းနှင့် Ease of Doing Business ကိုလည်း များစွာအထောက်အကူ ဖြစ်စေ ပါသည်။

ယခုအခါ အဆင့်မြှင့်တင်ထားသော Website ၏ မူရင်းကုဒ် (Source Code) အား ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ (World Trade Organization – WTO) ဝင်နိုင်ငံတစ်နိုင်ငံဖြစ် သည့် မိုဇမ်ဘစ်နိုင်ငံသည် WTO၏ ကုန်သွယ်မှုလွယ်ကူချောမွေ့စေရေးသဘောတူညီ ချက် (Trade Facilitation Agreement –TFA) ပါ ကုန်သွယ်မှုဆိုင်ရာ သတင်းအချက် အလက်များ ပွင့်လင်းမြင်သာမှုရှိစေရေးကို အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန် Mozambique Trade Portal တည်ထောင်နိုင်ရေးအတွက် ကူးယူသုံးစွဲခွင့်ပြု ပါရန်နှင့်  Trade Portal ကို အောင်မြင်စွာထူထောင်နိုင်ခဲ့သည့် မြန်မာနိုင်ငံ၏ အတွေ့အကြုံနှင့် အောင်မြင်မှုများကို လာရောက်လေ့လာလိုပါကြောင်း မေတ္တာရပ်ခံလာခဲ့ပါသည်။

မြန်မာနိုင်ငံမှ တည်ထောင်ထားရှိသော အဆင့်မြှင့်တင်ထားသည့် National Trade Portal and Trade Repository Website မူရင်းကုဒ် (Source Code) အား မိုဇမ်ဘစ် သမ္မတနိုင်ငံ ၊ စက်မှုနှင့်ကုန်သွယ်ရေးဝန်ကြီးဌာနသို့ ကူးယူ သုံးစွဲခွင့်ပြုရေးဆိုင်ရာ မြန်မာ-မိုဇမ်ဘစ် နှစ်နိုင်ငံအကြား နားလည်မှုစာချွန်လွှာ (Memorandum of Understanding - MOU) ကို ယနေ့ မွန်းလွဲ ၂ နာရီခွဲ အချိန်တွင် နေပြည်တော် ရှိ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌  ကျင်းပသည့် အခမ်းအနားတွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်ရေးဦးစီး ဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးမင်းမင်း နှင့် မိုဇမ်ဘစ်နိုင်ငံ၊ စက်မှုနှင့်ကုန်သွယ်ရေး ဝန်ကြီးဌာန၊ National Director, Mr. Amilcar Carlos Arone တို့ လက်မှတ်ရေးထိုးခြင်း အခမ်းအနားသို့ နိုင်ငံခြားရေးဝန်ကြီးဌာန၊ အပြည်ပြည်ဆိုင်ရာအဖွဲ့အစည်းများနှင့် စီးပွားရေးဦးစီးဌာန၊ ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာန၊ စီးပွားရေးနှင့်ကူးသန်းရောင်း ဝယ်ရေးဝန်ကြီးဌာနတို့မှ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ် နှင့် ညွှန်ကြားရေးမှူးများ၊ USAID မှ တာဝန်ရှိသူများ တက်ရောက်ကြသည်။

မြန်မာနိုင်ငံအနေဖြင့် မိုဇမ်ဘစ်နိုင်ငံ Trade Portal စတင် တည်ထောင်နိုင်ရေးအတွက် အကူအညီပေးခြင်းအားဖြင့် နှစ်နိုင်ငံကြား ချစ်ကြည်ရင်းနှီးမှုကို ပိုမိုတိုးမြင့်စေပြီး ကုန်သွယ်မှုအလားအလာများ ဖန်တီးနိုင်ရေးကိုလည်း တိုးမြင့်ဆောင်ရွက်လာစေနိုင်မည် ဟု မျှော်မှန်းထားပါသည်။

 

Source: ကုန်သွယ်ရေးဦးစီးဌာန

နောက်ဆုံးရသတင်းများ

Pages