မင်္ဂ္လာတောင်ညွန့်မြို့နယ်၊ ဆန်စက်အပိုပစ္စည်းစက်ရုံဝင်းရှိ ရာဘာကြိတ်လုံးစက်ရုံအပါအဝင် အဆောက်အဦ(၃)လုံးနှင့် စက်ယူနစ်(၂၂)မျိုးအားအိတ်ဖွင့်တင်ဒါခေါ်ယူခြင်း

Fri, 06/07/2019 - 04:24 -- ictuser

၁။    စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊စားသုံးသူရေးရာဦးစီးဌာန၊ရန်ကုန်တိုင်းဒေသကြီး၊စက်ဆန်းရပ်ကွက်၊အထက်ပုဇွန်တောင်လမ်း၊မင်္ဂ္လာတောင်ညွန့်မြို့နယ်၊
ဆန်စက်အပိုပစ္စည်းစက်ရုံဝင်းရှိရာဘာကြိတ်လုံးစက်ရုံအပါအဝင် အဆောက်အဦ(၃)လုံးနှင့်စက်ယူနစ်(၂၂)မျိုးတို့အားအိတ်ဖွင့်တင်ဒါစနစ်ဖြင့်ငှားရမ်းပေးသွားမည်ဖြစ်ပါသည်။
    (က)    အဆောက်အဦ(၃)လုံး၊စက်ယူနစ်(၂၂)မျိုးပါရှိပြီးအသေးစိတ်စာရင်းကိုတင်ဒါပုံစံ တွင်ဖော်ပြထားပါသည်။
    (ခ)    တင်ဒါပုံစံရောင်းချမည့်ရက်-(၅.၆.၂၀၁၉)ရက်မှ (၃.၇.၂၀၁၉)ထိ
             အချိန်-နံနက်( ၉:၃၀ )နာရီမှ ( ၁၆:၃၀ )နာရီထိ
    (ဂ)    တင်ဒါစည်းကမ်းချက်များ- (၄.၇.၂၀၁၉)ရက် (၁၁:၃၀)နာရီ    
             ရှင်းလင်းခြင်း
    (ဃ)    တင်ဒါပိတ်မည့်နေ့/အချိန်-(၄.၇.၂၀၁၉)ရက် မွန်းလွဲ( ၁၃:ဝဝ)နာရီ
    (င)     တင်ဒါပုံစံရောင်းချမည့်နေရာစားသုံးသူရေးရာဦးစီးဌာန၊ တိုင်းဒေသကြီး ဦးစီးမှူးရုံး၊ စီမံရေးရာဌာနခွဲ၊ အမှတ်(၂၂၈/၂၄၀)၊ ဒုတိယထပ်၊ ကမ်းနားလမ်း
              နှင့်ရွှေဘုံသာလမ်းထောင့်၊ ရန်ကုန်မြို့။
    (စ)     Deposit ပေးသွင်းနိုင်သည့် - တင်ဒါစည်းကမ်း သတ်မှတ်ချက်ပုံစံတွင်
             ဘဏ်များ ဖေါ်ပြထားပြီး ဖြစ်ပါသည်။
    (ဆ)    စာရင်းပေးသွင်းရမည့်နေရာ-ရုံးအမှတ်(၅၂)၊ နေပြည်တော်
    ( ဇ )   တင်ဒါတင်သွင်းရမည့်နေရာ- စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး
             ဝန်ကြီးဌာန၊ရုံးအမှတ်(၃)၊နေပြည်တော်
၂။      အဆိုပါဆန်စက်အပိုပစ္စည်းစက်ရုံဝင်းရှိရာဘာကြိတ်လုံးစက်ရုံအပါအဝင်အဆောက်အဦ(၃)လုံး၊စက်ယူနစ်(၂၂)မျိုးတို့၏မျက်မြင်အခြေအနေအားသက်ဆိုင်ရာမြို့နယ်
သို့သွားရောက်ကြည့်ရှု့နိုင်ပြီးအသေးစိတ်အချက်အလက်များကိုသိရှိလိုပါကတင်ဒါပုံစံဝယ်ယူရမည့်နေရာသို့လူကိုယ်တိုင်ဖြစ်စေ၊ဖုန်းဝ၁-၂၅၀၄၃၂သို့ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါသည်။

 
        တင်ဒါစိစစ်ရေးအဖွဲ့

နောက်ဆုံးရသတင်းများ

Pages