တစ်ဦးချင်း ကုန်သွယ်မှုလုပ်ငန်းရှင်မှတ်ပုံတင်အမှတ် (Individual Trading Card) ရှိသည့် လုပ်ငန်းရှင်များကို ကြက်သွန်နီ တင်သွင်းခွင့်ပြု

Mon, 12/07/2015 - 15:59 -- dotadmin

       ပြည်တွင်း ကြက်သွန်နီ ဈေးနှုန်းမြင့်တက်လျက်ရှိသဖြင့် ကြက်သွန်နီကို ပြည်ပမှ တင်သွင်းနိုင်ရန်အတွက် မြန်မာနိုင်ငံ ကြက်သွန်နီ၊ ကြက်သွန်ဖြူနှင့် စားဖိုဆောင်သုံး သီးနှံစိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများ အသင်း၏ ထောက်ခံချက်ဖြင့် သွင်းကုန်လိုင်စင် ထုတ်ပေးလျက်ရှိရာမှ ယခုအခါ ပြည်တွင်း ကြက်သွန်နီ ဈေးနှုန်းကျဆင်းစေရန်နှင့် ကြက်သွန်နီကို လုပ်ငန်းရှင်များ လွယ်ကူလျင်မြန်စွာ တင်သွင်းနိုင်ရန်အတွက် တစ်ဦးချင်းကုန်သွယ်မှု လုပ်ငန်းရှင် မှတ်ပုံတင် လက်မှတ် (Individual Trading Card) ဖြင့် ကြက်သွန်နီအား နယ်စပ်ကုန်သွယ်ရေးစခန်းများမှတဆင့် ITC လုပ်ထုံး လုပ်နည်းများနှင့်အညီ တင်သွင်းခွင့်ပြုကြောင်း သိရှိရပါသည်။

နောက်ဆုံးရသတင်းများ

Pages