စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးညွန့်အောင် (၇၆) နှစ်မြောက် ပြည်ထောင်စုနေ့ ပြခန်းတည်ဆောက်နေမှုအား ကြည့်ရှုစစ်ဆေးပြီး၊ တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့ လုပ်ငန်းညှိနှိုင်း အစည်းအဝေးသို့ တက်ရောက်အမှာစကားပြောကြား

Sun, 02/05/2023 - 14:49 -- mocadmin

           စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးညွန့်အောင်သည် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၅ ရက်နေ့၊ (၀၈:၃၀) နာရီအချိန်တွင် ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့ရင်ပြင်၌ (၇၆) နှစ်မြောက် ပြည်ထောင်စုနေ့တွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ အထိမ်းအမှတ်ပြခန်းဆောင် တည်ဆောက်နေမှုအား လှည့်လည်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များအား တာဝန်ရှိသူများကို လမ်း ညွှန်မှာကြားခဲ့သည်။

      ဆက်လက်၍ တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီ အတွင်းရေးမှူး၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးညွန့်အောင်သည် ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၅ ရက်နေ့၊ (၁၀:၀၀) နာရီအချိန်တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၊ အစည်း အဝေးခန်းမ (YACL) တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ် တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက် အမှာစကားပြောကြားသည်။

    တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီ အတွင်းရေးမှူးက အမှာစကားပြောကြားရာတွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သည် ယခုအချိန်၌ ပြည်တွင်း/ပြည်ပလေကြောင်းလိုင်း အဝင်အထွက်များပြားလာပြီး တရားမဝင်ကုန်သွယ်မှုများ ဖြစ်ပေါ်လာနိုင်သည့်အတွက် အထူးဂရုပြုစစ်ဆေးကြပ်မတ်ဆောင်ရွက်သွားကြရန်နှင့် တန်ဖိုးမြှင့် ပစ္စည်းများကို တန်ဖိုးနည်းပစ္စည်းအသွင်ဆောင်၍ တင်သွင်းလာခြင်းများကိုလည်း စစ်ဆေးဖော်ထုတ်သွားကြရန်လိုအပ် ကြောင်းမှာ ကြားခဲ့သည်။ ထို့နောက်တက်ရောက်လာကြသည့် အထူးအဖွဲ့ခေါင်းဆောင်နှင့် အဖွဲ့ဝင်များက လုပ်ငန်းများဆောင်ရွက် နေမှုများ၊ တွေ့ကြုံနေရသည့်အခတ်အခဲများအား ရှင်းလင်းတင်ပြကြရာ တင်ပြချက်များအပေါ် ကော်မတီအတွင်းရေးမှူးက သက်ဆိုင်ရာလုပ်ငန်းဌာနများနှင့် ညှိနှိုင်းပေါင်းစပ်ပေးခဲ့ကြောင်း သတင်းရရှိသည်။

နောက်ဆုံးရသတင်းများ

Pages