အာဆီယံကုန်စည်ကုန်သွယ်ရေးသဘောတူစာချုပ် အကောင်အထည်ဖော်ရေးဆိုင်ရာ ညှိနှိုင်းမှုကော်မတီအစည်း အဝေး (41th meeting of the coordinating committee on the implementation of the ATIGA (41th CCA Meeting) သို့ ပါဝင်တက်ရောက်ခဲ့ခြင်း

Tue, 02/28/2023 - 08:49 -- regionaldep

၁။  (၄၁) ကြိမ်မြောက် အာဆီယံကုန်စည်ကုန်သွယ်ရေးသဘောတူစာချုပ် အကောင်အထည်ဖော်ရေးဆိုင်ရာ ညှိနှိုင်းမှုကော်မတီ အစည်းအဝေး (41th meeting of the coordinating committee on the implementation of the ATIGA (41th CCA Meeting) ကို ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ (၂၃) ရက်‌နေ့တွင် Video Conference စနစ်ဖြင့် ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါအစည်းအဝေးသို့ အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ ဘာသာရပ်တာဝန်ခံကိုယ်စားလှယ်များနှင့် အာဆီယံအတွင်းရေးမှူးချုပ်ရုံးမှ အဖွဲ့ဝင်စုစုပေါင်း (၃၂) ဦး ပါဝင်တက်‌ရောက်ခဲ့ကြပါသည်။ မြန်မာနိုင်ငံမှ ဘာသာရပ်ဆိုင်ရာကိုယ်စားလှယ်အဖြစ် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဌာန၊ ကုန်သွယ်ရေးဦးစီးဌာနမှ အရာထမ်းကိုယ်စားလှယ် (၂) ဦးသည် အကောက်ခွန်ဦးစီးဌာနမှ ကိုယ်စားလှယ်များနှင့်အတူ ပါဝင် တက်ရောက်၍ ဆွေးနွေးညှိနှိုင်းခဲ့ပါသည်။

၂။  အစည်းအဝေးတွင် အာဆီယံအဆင့်မြင့်အရာရှိကြီးများအစည်းအဝေးများ၏ လမ်းညွှန်ချက်များအရ ၂၀၂၃ ခုနှစ်အတွက် CCA ၏ လုပ်ငန်းများနှင့် ဦးစားပေးလုပ်ငန်းများကို ပြန်လည်သုံးသပ်ခြင်း၊ အာဆီယံကုန်စည်ကုန်သွယ်ရေး သ‌ဘောတူစာချုပ်ပါ အချက်အလက်များအနက် အကောက်ခွန်လျှော့ချမှု အစီအစဉ်ဇယား (Tariff Reduction Schedule– TRS) အား AHTN 2017 မှ 2022 သို့ ကူးပြောင်းချိတ်ဆက်ခြင်း၊ ပင်ရင်းနိုင်ငံစည်းမျဉ်း (rules of origin)ဆိုင်ရာကိစ္စရပ်များ၊ ကုန်သွယ်မှုဆိုင်ရာစာရင်းအင်းများ(Trade Statistics)ဆိုင်ရာကိစ္စရပ်များစသည့်အချက်များကို အဓိကထား၍ ဆွေးနွေးညှိနှိုင်းခဲ့ပါသည်။

၃။  အဆိုပါအစည်းအဝေး၌ အာဆီယံအဖွဲ့ဝင်နိုင်ငံများအကြား ကုန်သွယ်မှုလွယ်ကူချောမွေ့စေရေးဆိုင်ရာကိစ္စရပ်များအား ညှိနှိုင်းဆွေးနွေးခြင်း၊ အကောက်ခွန်လျှော့ချမှု အစီအစဉ်ဇယားနှင့်ပတ်သက်၍နှုန်းထားများ ညှိနှိုင်းဆောင်ရွက်နိုင်ခြင်း၊ အကောက်ခွန် သက်သာခွင့်ကိစ္စရပ်များအား ပွင့်လင်းမြင်သာရှိခြင်းနှင့် ကုန်သွယ်မှုအချက်အလက်များအား ပွင့်လင်းမြင်သာမှုရှိစေခြင်းစသည့် အကျိုးကျေးဇူးများကို ရရှိပါသည်။